BEC-TERO TV

အရင်နှစ်တွေထက် အကယ်ဒမီကိုပိုရင်ခုန်တယ်ဆိုတဲ့ အေးမြတ်သူ

07 Mar 2017     1,330 Views


၂၀၁၆ အတွက် အကယ်ဒမီမှာ သူမပါဝင်ထားတဲ့ ရုံတင်ကားတွေပါ လာခဲ့ ပါတယ် ။ ‘မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်’၊ ‘ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ’၊ ‘မေထုန်ရာသီဖွား’၊ ‘ငဘ’ စသည့်ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ကောင်းသည်ဟု ပရိသတ်၏ အသိအမှတ်ပြုမှုကိုလဲ ရရှိခဲ့ ပါတယ် ။

မအေးပွင့်ကိုတော့ အရမ်းရင်ခုန်တယ် တစ်ယောက်ထဲ ပါဝင်ရတဲ့ အက်ရှင်ကားဖြစ်တဲ့ အတွက် ကျန်ကားတွေမှာလဲ တစ်စိတ်တဒေသပါဝင်ခွင့် ရခဲ့ ပြီး လုပ်ခွင့်တွေလဲရခဲ့ ပါတယ် ။ အကယ်ဒမီက နတ်ကြီးပါတယ် ဘယ်ဆုဆိုတာကိုမှန်းလို့ မရနိုင်ပါဘူး အနုပညာရှင်တိုင်းရင်ခုန်ကြတဲ့ မှတ်တိုင်လေး အိမ်မက်လေးပါ နှစ်တိုင်းလဲ မှန်းခွင့် ရှိသလို နှစ်တိုင်းလဲ ရင်ခုန်ရပါတယ်လို့ ပြောသွားပါတယ် ။

အနုပညာ မောင်နှမတွေထဲကတော့ မသက်မွန် ရဲ့ ချစ်လှစွာသောအမုန်းကိုလဲ ကြိုက်တယ် ။ ကစ်ကစ် ကိုလဲ ကြိုက်တယ် ။ကိုထွန်းထွန်းကိုလဲ အုတ်ကြားမြတ်ပေါက်မှာ အရမ်းကြိုက်တယ် ။ အန်တီ ၀ါဝါအောင်ကိုလဲ ဘွန္တောကြက်သူခိုး မှာ ကြိုက်တယ်။ အကုန်လုံးကကောင်းကြတဲ့အတွက် အရာအားလုံးကိုလက်ခံထားပါတယ် ။

ကိုယ်စီကိုယ်စီ ကောင်းကြတာလဲ သိပါတယ် ပရိတ်သတ်တွေခန့်မှန်းပေးတယ်ဆိုကတည်းက အရမ်းပျော်ပြီး ကြည်နူးမိပါတယ် ။ ပရိတ်သတ်တွေ မေတ္တာနဲ့ တင်ကျေနပ်ပြီး ပျော်နေရပါပြီလို့ အကယ်ဒမီ ရင်ခုန်သံတွေကို ပြောပြထားပါတယ် ။

Credit:7Day


07 Mar 2017     1,330 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment