BEC-TERO TV

အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်ကို စိန်ခေါ်နေသော မြောက်ကိုရီးယား

08 Mar 2017     1,346 Views


အရှေ့အာရှတွင် မြောက်ကို ရီးယား၏ အနီးစပ်ဆုံး ခြိမ်းခြောက် မှုကိုခံရသည့် နိုင်ငံများအဖြစ် တောင်ကိုရီးယားနှင့် ဂျပန်တို့ ရှိ နေသည်။ မြောက်ကိုရီးယား အစိုး ရက ရန်သူတော်အမေရိကန် ထိန်းချုပ်ထားသည့် ဂူအမ်ကျွန်း ကိုပါ ဒုံးကျည်ဖြင့် တိုက်ခိုက်နိုင်စွမ်းရှိ နေပြီဟုလည်း ကြွေးကြော်ဖူး သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ကိုရီးယားသည် နျူထိပ်ဖူး တပ်ဆင်နိုင်သည်ဟု ကြေညာ ထားပြီး နည်းပညာပိုင်းအရလည်း တစ်ဆင့်မြင့်သွားသော တာလတ် ဒုံးကျည် တစ်စင်းကို စမ်းသပ်ခဲ့ သည်။ ထိုအချက်က အဓိပတိ ကင်ဂျုံအန်း လက်အောက်တွင် မြောက် ကိုရီးယား၏ ဒုံးကျည်နည်းပညာ သစ် အတက်ဘက်သို့ တရိပ်ရိပ် ဦးတည်နေကြောင်း မြင်သာစေခဲ့သည်။ မတ်လ ၆ ရက် စမ်းသပ်မှု တွင် မြောက်ကိုရီးယား ဒုံးကျည်သုံး စင်းသည် ကီလိုမီတာ ၁၀၀၀ မျှ အကွာအဝေးထိ ပျံသန်းရောက် ရှိခဲ့သည်။ ထိုဒေသရှိ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား လေ ကြောင်းကာကွယ်ရေး တပ်ဖွဲ့ များက ဒုံးကျည်များ၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ ကြသည်။ အမေရိကန်နှင့် တောင် ကိုရီးယားတို့ ပူးပေါင်းပြီး နှစ်စဉ် ပုံမှန် ပြုလုပ်နေကျ စစ်ရေးလေ့ ကျင့်မှုကြီးစတင်ပြီး ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက ယခုလို ဒုံးကျည်များ ပစ်ခတ်ပြခဲ့သည်။

မြောက်ကိုရီးယားက ယင်း စစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့ကို တိုက် ရိုက်ခြိမ်းခြောက်သည့် အပြုအမူ အဖြစ် ယူဆကြောင်း အစဉ်တစိုက် စွပ်စွဲပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏ ဒုံးကျည် ခြိမ်းခြောက်မှုကြောင့် တောင်ကို ရီးယားက ၎င်းတို့ပိုင်နက်တွင် အ မေရိကန်လုပ် THAAD ဒုံးခွင်းဒုံး စနစ်ကို ဖြန့်ကြက်ရန် အရှိန်အ ဟုန်ဖြင့် ကြိုးစားနေသည်။ သို့ သော် အဆိုပါစနစ်က ၎င်းတို့၏ ရပ်တည်မှုကိုပါ ခြိမ်းခြောက်နိုင် ကြောင်း တရုတ်၏ ဆန့်ကျင် ကန့်ကွက်မှုနှင့်လည်း ကြုံနေရ သည်။ လတ်တလောတွင် အဆိုပါ THAAD စနစ်မှာ အားကိုးနိုင်သည့် အခြေအနေ မရှိသေးချေ။ ထို့ ကြောင့် အကယ်၍ လက်ရှိ မျက်မှောက်ကာလတွင် မြောက်ကိုရီး ယားက ရုတ်တရက် ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက အမေရိကန် အနေဖြင့် ၎င်းတို့၏ မဟာမိတ်များ ကို အပြည့်အဝ ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်မှုများ ပေါ် ပေါက်လာသည်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကမူ အာရှမဟာမိတ် နှစ် နိုင်ငံနှင့် ပူးပေါင်းပြီး မြောက်ကို ရီးယား၏ ခြိမ်းခြောက်မှုကို ကာ ကွယ်နိုင်စွမ်း အပြည့်အဝရှိနေ ကြောင်း အာမခံ မှတ်ချက်ပေးထားသည်။ မြောက်ကိုရီးယားက လက် တွေ့ တိုက်ခိုက်လာပြီဆိုပါက ၎င်း တို့၏ ဒုံးကျည်ကို ပျံသန်းမှု လမ်း ကြောင်း၏ အစောပိုင်း အဆင့်တွင် ပစ်ချ၍ ဖျက်ဆီးပစ်ရန် ပင်တဂွန် က ရည်ရွယ်ထားသည်။ ထိုစစ် ရေး လှုပ်ရှားမှုများကို လက်တွေ့အကောင်အထည် ဖော်ရန် အတွက်မူ Aegis ဒုံးခွင်းဒုံး စနစ်ကို အားကိုးရမည်ဖြစ်သည်။

‘‘အရေးပေါ် အခြေအနေ ကြုံလာတဲ့အခါ ကျွန်တော်တို့က ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ မြန် မြန်ဆန်ဆန် ပူးပေါင်းလုပ်ကိုင်ပြီး ချက်ချင်း တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ က ကျွန်တော်တို့ရဲ့ မဟာမိတ် တွေကို ခြိမ်းခြောက်တဲ့ အခြေအနေ ဖြစ်လာပြီဆိုတာနဲ့ လျင်လျင်မြန် မြန် တိတိကျကျ ကြားဖြတ်တား ဆီးနိုင်တဲ့ စွမ်းရည်ကောင်းကို ကျွန်တော်တို့ ထိန်းသိမ်းထားဆဲပါ’’ ဟု

ပင်တဂွန် စစ်ဌာနချုပ်၏ ပြော ရေးဆိုခွင့်ရ အရာရှိ ရေတပ်ဗိုလ် ကြီး ဂျက်ဖ်ဒေးဗီးစ်က ရှင်းပြခဲ့ သည်။ အထူးသဖြင့် ဖေဖော်ဝါရီလက စမ်းသပ်ခဲ့သည့် ပူကွတ် ဆောင်-၂ တာလတ်ပစ် ဒုံးကျည်သည် ကီလိုမီတာ ၂၀၀၀ မျှထိ ပျံသန်းနိုင်ဖွယ်ရှိပြီး မြန်နှုန်းအရ လည်း ဒုံးခွင်းဒုံးများကို လွတ်မြောက်အောင် ရွေ့လျားနိုင်စွမ်း ရှိမည်ဟု တောင်ကိုရီးယား လက်နက် ပညာရှင်များက ခန့်မှန်းထားကြသည်။ ထိုစဉ်က မြောက်ကိုရီး ယားသည် ဒုံးကျည်၏ အမြင့်ဆုံး စွမ်းရည်ထိ မရောက်ရှိစေဘဲ ထိမ် ချန်ပြီး စမ်းသပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

‘‘အဲဒီတုန်းက မြောက်ကိုရီး ယားဟာ ဒုံးကျည်ရဲ့ ဦးတည်မှုကို ၈၉ ဒီဂရီ ထောင့်ချိုးနဲ့ ပစ်ခဲ့တာပါ။ ဒါကြောင့် တာဝေးသိပ်မရောက် သလို ဖြစ်နေတယ်။ ဒါပေမဲ့ ပုံမှန် ပစ်နေကျအတိုင်း ၄၅ ဒီဂရီ ထောင့် ချိုးနဲ့ပစ်ရင် ကီလိုမီတာ ၂၀၀၀ လောက်ထိ တာဝေးပျံနိုင်မယ်လို့ ယုံကြည်ရပါတယ်’’ ဟု

တောင်ကို ရီးယား အမျိုးသား ထောက်လှမ်း ရေး အေဂျင်စီမှ ကျွမ်းကျင်သူတစ် ဦးက မှတ်ချက်ပေးခဲ့သည်။ သို့သော် အမေရိကန်ကမူ Aegis ဒုံးခွင်းဒုံးသည် ယင်းလက် နက်မျိုးကို အခက်အခဲမရှိ ဟန့် တားနိုင်ကြောင်း အခိုင်အမာ ပြော ကြားခဲ့သည်။ လက်ရှိ အသုံးပြုနေ သော Aegis ဒုံးခွင်းဒုံးစနစ်သည် Lockheed Martin ကုမ္ပဏီ၏ လက်နက် နည်းပညာနှင့် Ray-theon ကုမ္ပဏီထုတ် RIM-161 ဒုံးကျည်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုစနစ်သည် တိုက် ချင်းပစ် ဒုံးကျည်များကို ကောင်း ကင်အမြင့်ပိုင်းတွင် ခြေရာခံချေ မှုန်းနိုင်သည့် စွမ်းဆောင်ရည် ကောင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ ဂျပန်နှင့် တောင်ကိုရီးယား အစိုးရများအ တွက် မြောက်ကိုရီးယား၏ ဒုံး ကျည်နည်းပညာ အရှိန်မြှင့်မှုများ သည် အိပ်မက်ဆိုးတစ်ခုအဖြစ် တောက်လျှောက် ခြောက်လှန့်နေ ဆဲ ဖြစ်သည်။ နိုင်ငံတကာ လက်နက် ပါရဂူများကမူ မြောက်ကိုရီး ယားသည် ဒုံးကျည်နည်းပညာ ပိုင်း တိုးတက်လာသည်မှန်သော် လည်း နျူကလီးယား ထိပ်ဖူးတပ် ဆင်နိုင်သည့် စွမ်းရည်မျိုးမရှိသေး ဟု ယုံကြည်နေသည်။ သို့သော် ယင်းကိုလည်း တိတိကျကျ အတည်မပြုနိုင်သေးချေ။ နိုင်ငံတကာ အသိုက်အဝန်းနှင့် ကင်းကွာ စွာ ရပ်တည်နေသည့် အထီးကျန် ကွန်မြူနစ် နိုင်ငံသည် မြေပြင် အခြေစိုက်အပြင် ရေငုပ်သင်္ဘောမှ အခြေပြုပစ်ခတ်နိုင်သည့် ဒုံးကျည်နည်းပညာများကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်သည်။

Credit : 7daydaily


08 Mar 2017     1,346 Views




RELATED

Most Popular of International News

Most Popular of NEWS