BEC-TERO TV

တရားကို CCTV စောင့်သည်

08 Mar 2017     1,243 Views


ဘယ်သူမှမတို့ ရဲမထိရဲကြတဲ့ ထိုင်းနိုင်ငံPhetchaburi ဖက်ချ ဘူရီ ခရိုင်အတွင်းက နိုင်ငံရေးသမားနဲ့  ရဲအရာရှိ သား တွေ အများစုပါ လူမိုက်ဂိုဏ်းကို အသတ်ခံရတဲ့ တက္ကသိုလ်ကျောင်းသား Teerapong Thitada,တီရဖုန်း သီတဒါ အသက် (၂၄)နှစ် ရဲ့  မိခင် နဲ့  ဆိုရှယ်မီဒီယာတွေရဲ့  အင်အားနဲ့  ၀ိုင်းပြီး ဖေါ်ထုတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လ (၂၅ )ရက်နေကတဲ့က ကျောင်းသားတွေနေတဲ့ အဆောင်ကို ကားသုံးစီးနဲ့  လူမိုက်တွေရောက်လာပြီး ကျောင်းသား တီရဖုန် ကိုဝိုင်းရိုက်ခဲ့လို့  သေဆုံးရတဲ့ သားရဲ့  အလောင်းကို အမေဖြစ်သူက အသုဘမချဘဲ တရားခံတွေမမိမချင်း အလောင်းမြေမချ ဆန္ဒပြနေခဲ့တာပါ။

နောက်ပိုင်းမှာ ကျောင်းဆောင်က CCTVမှတ်တမ်းတွေနဲ့  တရားခံတွေကို အွန်လိုင်းတွေမှာတင်ခဲ့ပြီး သတင်းကြီးလာတဲ့အခါမှ အမှုကို လူငယ်တို့ သဘာဝ ရန်ဖြစ်ကြတာပါလို့  ဖုန်းကွယ်ဘို့ လုပ်နေတဲ့ရဲ တွေဟာ တရားခံ(၁၈)ယောက် ကိုမိအောင်ဖမ်းပေး ခဲ့ရပါတယ်။ “ခုလိုတရားခံတွေမိတာ ကျွန်မ မကြေနပ်သေးပါဘူး ခုရဲစခန်းမှာလာဝန်ခံတဲ့သူတွေမှာ (လူစားထိုးတွေပါလာ) တကယ်သတ်ခဲ့တဲ့ တရားခံတွေ မပါသေးလို့ ပါ၊ “ ရဲတပ်ဖွဲ့ က မဖမ်းရဲဘူးဆိုရင် သားအလောင်းကို ၀န်ကြီးချုပ်ရုံးကိုသယ်သွားပြီး တောင်းဆိုမယ်” ယနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူကျောင်းရဲ့ မိခင်ကပြောသွားခဲ့တာဖြစ်ပါတယ်။

Credit : thithtoolwin


08 Mar 2017     1,243 Views




RELATED

Most Popular of International News

Most Popular of NEWS