BEC-TERO TV

ရုံးသန့်စင်ခန်းအတွင်း ကင်မရာတပ်ကာ ချောင်းမြောင်းခဲ့သည့် စာရင်းကိုင်အား ဖမ်းဆီရာ နောက်ဆက်တွဲများ ပေါ်ပေါက်

08 Mar 2017     1,325 Views


ထိုင်းနိုင်ငံတွင် အမျိုးသားစာရင်းကိုင် တစ်ဦးကိုအလုပ်လုပ်ကိုင်ရာ ရုံး၏ သန့်စင်ခန်း အတွင်း လျို့ဝှက်ကင်မရာတပ်ဆင်ကာ ဝန်ထမ်းအမျိုးသမီးများအား ချောင်းမြောင်းကြည့်ရှု ဗီဒီယိုရိုက်ကူးမှုအတွက် ဖမ်းဆီးခဲ့ပါတယ်။
 
စာရင်းအင်းပညာရှင် အသက် ၃၈ နှစ်အရွယ် မစ္စတာဘွန်စန် ဆိုသူသည် စာရင်းကိုင်ပညာကို အမေရိကန်နိုင်ငံ မဟီးဒေါတက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ဘန်ကောက်ရှိ ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်နေခဲ့ပြီး ကုမ္ပဏီရှိ သန့်စင်ခန်းအတွင်း လျှို့ဝှက်ကင်မရာတပ်ဆင်ခဲ့ပြီး ဝန်ထမ်းအမျိုးသမီးများကို ချောင်းမြောင်းကြည့်ရှု ဗီဒီယိုရိုက်ကူးခဲ့သည်။
 
 
သူ၏ မရိုးသားသည့် အပြုပမူများကြောင့် ရိပ်မိသွားခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။ သူပိုင်ဆိုင်သော စမတ်ဖုန်းနှင့် ကွန်ပျူတာအတွင်း ညစ်ညမ်းဓါတ်ပုံ မြောက်မြားစွာ စစ်ဆေးတွေ့ရှိခဲ့ပြီး သန့်စင်ခန်းအတွင်း တပ်ဆင်ထားသော လျှို့ဝှက်ကင်မရာကိုလည်း ဖမ်းဆီးမိခဲ့သည်။
 
 
ကွန်ပျူတာနှင့် ဖုံးအတွင်းရှိ ဗီဒီယိုများအရ မစ္စတာဘွန်စန်သည် လျှို့ဝှက်ကင်မရာတပ်၍ ချောင်းမြောင်း ရိုက်ကူးရုံမျှမကပဲ  လူမှုကွန်ယက်တွင် အဆီချလုပ်ငန်းပေ့ခ်ျတစ်ခုထောင်ကာ စိတ်ဝင်စား၍ ရောက်လာကြသော အမျိုးသမီးများအား မူးယစ်စေတတ်သော ဆေးများသောက်စေကာ အမျိုးသမီးများ မေ့မျောနေချိန်တွင် ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ခဲ့ပြီး အင်တာနက်ပေါ် ပြန်လည်လွှင့်တင်ခဲ့ခြင်းများ ပြုလုပ်သူလည်းဖြစ်သည်။
 
 
လတ်တစ်လောတွင် ရဲအဖွဲ့က မစ္စတာဘွန်စန်ကို သက်သေခံပစ္စည်းများနှင့်တစ်ကွ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ထိုင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
 

08 Mar 2017     1,325 Views




RELATED

Most Popular of International News

Most Popular of NEWS