ဖခင်နှင့် အရွယ်ရောက်ကာစသမီးတို့ နီးနီးကပ်ကပ်မရှိသင့်ကြောင်း ဝေဖန်ခံနေရတဲ့ဗီဒီယို
08 Mar 2017 2,979 Views
မနက်အိပ်ယာကနိုးလာတဲ့ မိခင်ဖြစ်သူက ယောက်ျားနဲ့ သမီးတို့နှစ်ဦးစလုံးကို မတွေ့တဲ့အခါ မနက်စာအတွက် မီးဖိုခန်းထဲမှာသွားပြင်ဆင်နေကြတယ်လို့ ထင်မှတ်ပြီး မီးဖိုခန်းဆီကို လျှောက်လာပြီး ချောင်းကြည့်လိုက်တော့ သားအဖနှစ်ဦးရဲ့မြင်ကွင်းကို တွေ့လိုက်ရတဲ့အခါ သူမရဲ့ ဖုန်းနဲ့ ဗီဒီယိုမှတ်တမ်း တင်လိုက်ပါတယ်။
ဗီဒီယိုထဲမှာတော့ ဖခင်ဖြစ်သူရဲ့ အရှေ့ဘက်ကနေ မျက်နှာချင်းဆိုင် ကားယားခွပြီး တွယ်ထားတဲ့ သမီးနဲ့ ဖခင်ဖြစ်သူတို့ စည်းချက်လိုက်ပြီး ကနေကြပါတယ်။ မိန်းမလုပ်သူက နောက်ကနေ ဗီဒီယိုရိုက်နေတာကို ယောက်ျားဖြစ်သူ လုံးဝ မရိပ်မိပါဘူး။ အဲဒီနောက်တော့ တစ်ဖက်ကို လှည့်လိုက်မှ မိန်းမလုပ်သူကို တွေ့သွားပြီး အနည်းငယ်အံ့သြသွားကာ ဟန်မပျက်ဆက်ကနေခဲ့ပါတယ်။
အဆိုပါဗီဒီယိုကို အွန်လိုင်းပရိသတ်က ဝေဖန်မှုတွေများခဲ့ပြီး အရွယ်ရောက်ကာစ သမီးနဲ့ ဖခင်ဖြစ်သူတို့ ပူးကပ်နေတဲ့အပေါ် အမြင်မျိုးစုံနဲ့ ထောက်ပြခဲ့ပါတယ်။ အကယ်၍ အများက ဝေဖန်နေကြသလို မထင်မှတ်ပဲ ကြည်ရှုသူများအနေနှင့် ဒီဗီဒီယိုဟာ သာမန်ရိုးရိုးသားသား ပျော်ရွှင်စရာမိသားစုတစ်ခုအဖြစ် ရှုမြင်တယ်ဆိုရင်းလည်း မှားနိုင်မည် မဟုတ်ပါ။








