BEC-TERO TV

မျက်နှာအဆီပြန်ခြင်း နှင့် ဝက်ခြံထွက်ခြင်း

08 Mar 2017     1,551 Views


မျက်နှာ အဆီပြန်ခြင်း နှင့် ဝက်ခြံထွက်ခြင်း တို့မှာ လူ့ခန္ဓာကိုယ် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ကြရသည်။ အဆီပြန်၊ အဆီအိတ် များသည် အရွယ်ရောက် အပျို၊ လူပျို ဖြစ်ချိန်တွင် အဆီပိုထွက် လာသဖြင့် အဆီပြန်ခြင်း ဖြစ်သည်။ ယောကျ်ား ဟော်မုန်းဓာတ် ပိုထွက်လာခြင်း၊ အဆီနှင့် အဆီဓာတ် များသည့် အစားအစာ၊ အသင့် အမြန်စား အစားအစာများ (ဆင်းဒဝစ်၊ ပီဇာ၊ ဟမ်ဘာဂါများ) အစားများခြင်း၊ အိပ်ရေးပျက်ခြင်း၊ စာမေးပွဲ ဖြေခါနီး၊ လက်ထပ်ခါနီး အချိန်များတွင် စိတ်လှုပ်ရှားခြင်း၊ အခြား ရောဂါတစ်ခုခု ဖြစ်ခြင်း၊ အဝလွန်ခြင်း ကြောင့် အဆီပို ထွက်နိုင်သည့် အပြင် အမျိုးသမီးများ ဓမ္မတာ လာခါနီး အချိန်တွင် ပို၍ အဆီပြန် တတ်သည်။ ဟော်မုန်း အပြောင်းအလဲ ကြောင့် အဆီ အကျိတ်များ မျက်နှာ အရေပြား အတွင်းတွင် ဖြစ်ပြီး အပြင်ကို မထွက်ဘဲ စုနေလျှင် အရေပြားမှ ပျက်စီးသွားသော ကလာပ်စည်း များက အဆီပြွန်ကို ပိတ်မိကာ ယင်းနေရာမှ အဖုထွက်ပြီး ဝက်ခြံ ထွက်လာသည်။
 
ဝက်ခြံသည် လူမြင်သည့် နေရာတွင် အဖြစ်များသည်။ ဝက်ခြံနှင့် မျက်နှာ အဆီပြန်ခြင်း မဖြစ်ပေါ် စေရန် အချို၊ အဆိမ့် စသည့် အစားအစာ များကို လျှော့စားရမည်။ ဝက်ခြံကို လက်ဖြင့် မညှစ်ရပါ။ ဆာလ်ဖာ စသည့် ပိုးသတ်ဆေး ပါသော အလှဆီကို လိမ်းပြီး အပေါ်မှာ သနပ်ခါး လိမ်းထားသင့် ပါသည်။ ပိုးသတ်ဆေး အပျော့ပါသော ကာဘော်လစ် ဆပ်ပြာ သုံးရမည်။ ရေချိုးပြီး မျက်နှာကို အဝတ်သန့်သန့် ဖြင့် သုတ်ရမည်။ 
 
မျက်နှာသစ်တိုင်း ရေနွေး နှင့် ဆပ်ပြာ သုံးရမည်။ ညအိပ်ရာဝင် ခါနီးတိုင်း မျက်နှာသစ်၊ ခြေလက်များ ဆေးပြီး တစ်ပတ် တစ်ခါ ခေါင်းမှန်မှန် လျှော်ပြီးတိုင်း အုန်းဆီ လိမ်းသင့်သည်။ လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) နာရီဝက် မှန်မှန် လုပ်ပေးသင့်သည်။ နှာခေါင်းထိပ် နှင့် နှုတ်ခမ်းဝန်းကျင် တွင် ဖြစ်သော ဝက်ခြံကို မညှစ်သင့်ပါ။ ဝက်ခြံ မပျောက်လျှင် ဆရာဝန်နှင့် ပြသသင့်သည်။
 
ချောကလက် နှင့် အသင့် အမြန်စား အစားအစာများ ရှောင်သင့် ပါသည်။ အလုပ်များခြင်း၊ အအိပ်အနေ နည်းခြင်း သည်လည်း ဝက်ခြံကို ပို၍ ဖြစ်ပေါ် စေသည်။ ဂျုံကြမ်းနှင့် ပြုလုပ်သော ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ဆန်လုံးညို၊ လတ်ဆတ်သော သစ်သီး၊ ဟင်းသီး ဟင်းရွက်များ တွဲဖက် စားသင့်သည်။ အပင်မှ ထွက်ရှိသော အစာများကို ပိုစားသင့်သည်။ 
 
ပဲနီလေး၊ ပဲပိစပ် စသည့် ပရိုတင်း ပါသော အစားအစာ များကို စားသင့်သည်။ ဓာတ်တိုးပစ္စည်း ကြွယ်ဝသည့် ဗီတာမင် စားရမည်။ အနီနှင့် လိမ္မော်ရောင် ရှိသည့် ဟင်းသီး ဟင်းရွက် စားသင့်သည်။ အကြံပြုချက် အနေဖြင့် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို နေ့စဉ် စားသင့်သည်။ ဥအမျိုးမျိုး နေ့စဉ် စားပေးရမည်။ သစ်သီးဆီ နှင့် ဟင်းသီး ဟင်းရွက် တွဲ၍ သစ်သီး ဖျော်ရည် ပြုလုပ် သောက်သုံး သင့်သည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နေ့စဉ် စားသင့်သည်။ သွပ်ဓာတ် ပါသော ငါး၊ အခွံမာသီး နှင့် ဂျုံဖြင့် လုပ်သော အစားအစာများ စားသုံး သင့်သည်။ ။
 
Credit : health.thithtoolwin

08 Mar 2017     1,551 Views




RELATED

Most Popular of Health Fix

Most Popular of Life Style