BEC-TERO TV

နှုတ်ခမ်းသားမည်းညစ်ခြင်း

09 Mar 2017     1,573 Views


နှုတ်ခမ်းတစ်စုံရဲ ့လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အဝတ်အစား အရောင်နဲ ့ အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေး အကူအညီသုံးပြီး လှပနေပါစေ မိမိရဲ ့နှုတ်ခမ်းသား အရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေး တိုင်းရဲ ့ဆန္ဒပါ။ အမျိုးသားတွေလဲ ထို ့အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။

အချို ့ အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာ တတ်ကြပါတယ်။ အကြောင်းရင်းကတော့ ကော်ဖီ၊ လ္ဘက်ရည်၊ ဆေးလိပ်လွန်စွာ သောက် သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ ့ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲ အထွက်များ ၍နေလောင်ခြင်း၊ ရေနွေး၊ ဟင်းချို စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲ ကနေ စုပ် ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေး အန္တရာယ၊် ရောဂါ တစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ ့တန်ပြန်သက်ရောက်မှု စတာတွေကြောင့် နှုတ်ခမ်းသားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြ ပါနဲ ့။ ဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

သကြား ( Sugar )
 
သကြားနဲ ့ပွတ်ပါ နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေး ပါဘဲ။ လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန် ့ ဖြူဖြူလေးတွေကို ထောပတ်နဲ ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်း သား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ် အသေတွေကို ဖယ်ရှားပေးပါတယ်။

မုန်လာဥနီ ( Beetroot )
 
မုန်လာဥနီအလုံး (ခေါ်)သကြားမုန်လာ ( Beetroot ) ကိုသုံးပါ သွေးကြည်ရောင် လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသာ မည်းခြင်းကို တဖြည်းဖြည်းလျော့ ပါးသွားစေပါ တယ်။

သံလွင်ဆီ ( Olive Oil )
 
သံလွင်ဆီလိမ်းပါ။ အသားအရေကိုကောင်းကျိုးပြုကာ အာဟာရ တန်ဖိုးမြောက်များ စွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေ ချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။
 
နှင်းဆီ (Rose)
 
နှင်းဆီပွင့်ချပ်လေးတွေသုံးပါ။ နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ် ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။
 
စတော်ဘယ်ရီ ( Strawberry )
 
စတော်ဘယ်ရီသီးတွေနဲ ့ပွတ်ပါ။ စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသား မည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။ အဲဒီအသီး မှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို ့နဲ့ ရောပြီး နှုတ်ခမ်းသား ကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန် ့အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ််ပါ)

သလဲသီး ( Pomegranate )
 
သလဲသီးသုံးပါ။သလဲသီးကိုအစေ့ဖယ်ပြီးနောက်ရလာတဲ့အသားဖတ်လေးတွေကို ထောပတ်နဲ ့နယ်၍၊ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ ညအိပ်ယာ ဝင်ခါးနီးတိုင်း လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။
 
ဆား ( Salt )
 
ဆားနဲ ့ပွတ်ပါ။ အိမ်သုံးဆားမှုန်လေးတွေကို နွားနို ့ နဲ ့ရောပြီးတော့၊ ရလာတဲ့ အနှစ် ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန ့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ််ပါ)
 
ရှားစောင်းလက်ပတ် ( Aloe )
 
ရှားစောင်းလက်ပတ်ဂျယ်လီသုံးပါ။ မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလ အရောင်ပြန်ရစေဖို ့အတွက် ရှားစောင်းလက်ပတ်ဂျယ်လီ က အကောင်းဆုံး သမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်း သားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

ငှက်ပျောသီး ( Banana )
 
ငှက်ပျောသီးသုံးပါ။ ဌက်ပျောသီးမှည့်မှည့်ကို နွားနို ့၊ ပျားရည်တို ့ဖြင့် သမအောင်ရော နယ်ပြီးတော့ နေ ့စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ ့ခံစားရပါလိမ့်မယ်။
 
Credit : health.thithtoolwin

09 Mar 2017     1,573 Views




RELATED

Most Popular of Health Fix

Most Popular of Life Style