စာမေးပွဲဖြေရန်လာသော ဆယ်တန်းကျောင်းသူတစ်ဦး ဓါးခုတ်ခံရ
10 Mar 2017 1,484 Views

မတ်လ ၉ ရက်နေ့တွင် ပေါက်မြို့နယ်၊ စသိန်းကျေးရွာအုပ်စု ၊ စသိန်း အခြေခံပညာ အထက်တန်းကျောင်းသို့ စာမေးပွဲဖြေဆိုရန် လာရောက်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးအား စသိန်းကျေးရွာနေသူတစ်ဦးက ဓါးဖြင့်ခုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဓါးဖြင့်ခုတ်ခဲ့သူမှာ စသိန်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စိတ်ဝေဒနာသည် ကိုဝင်းကျော် ဆိုသူဖြစ်ပြီး ဆယ်တန်းကျောင်းသူမှာ ဝဲဘက်နားထင်ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည်။ အခြေအနေ မစိုးရိမ်ရသော်လည်း ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး စာမေးပွဲကို ဆေးရုံးပေါ်တွင် ဖြေဆိုခဲ့ရကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူ ဝင်းကျော်အား (ပ)၄၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၆အရ ပေါက်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ထိမ်းသိန်းထားကြောင်း သတင်းရရှိသည်။
Ref:မဇ္ဇျိမ







