BEC-TERO TV

ပုစွန်ခြောက်ကြော်နှင့်ရော၍ ဘိန်းဖြူသယ်လာသူကို ဖမ်းဆီး

10 Mar 2017     1,395 Views


ပဲခူးတိုင်းဒေသကြီး ပြည် မြို့ အဝေးပြေးကားကြီးဂိတ်ဝင်း ၌ ဟင်းချိုင့်အတွင်း ပုစွန်ခြောက်ကြော်နှင့်ရော၍ ဘိန်းဖြူ သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ပြည်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၈ ရက်က အသက် (၅၃)နှစ်အရွယ် အမျိုးသမီးတစ် ဦးသည် ပြည်မြို့ အဝေးပြေးကား ကြီးဂိတ်ဝင်းအတွင်း လမ်းလျှောက်လာစဉ် ၎င်းကိုင်ဆောင်လာသည့် ပလတ်စတစ်ချိုင့်အတွင်း ပုစွန် ခြောက်ကြော်များနှင့်ရော၍ ဘိန်း ဖြူ ၁ ဒသမ ၅ ဂရမ်ထည့်ထား သည့် ပုလင်းငယ်ငါးခုကို သယ်ဆောင်လာသဖြင့် ဖမ်းဆီးမိခဲ့ကြောင်း ပြည်မြို့ မူးယစ်တပ်ဖွဲ့စု(၃၇)မှ သိရသည်။

‘‘မူးယစ်ဆေးဝါးတွေကို ငါးပိကြော်တို့၊ ပုစွန်ခြောက်ကြော်တို့ နဲ့ ရောနှောထုပ်ပိုးပြီး အဝေးပြေး ကားနဲ့ ပို့ဆောင်တယ်။ ထုပ်ယူ တယ်။ ဖမ်းမိတဲ့ အမျိုးသမီးရဲ့ ထွက်ဆိုချက်အရ တစ်ဆင့်ခိုင်းသူလည်း ရှိတယ်။ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်’’ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘိန်းဖြူများနှင့် လက်ဝယ် တွေ့ရှိသူ အမျိုးသမီးသည် ပြည် မြို့ ရွာဘဲရပ်ကွက် နေသူ ဖြစ်ပြီး ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ ပြည်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

Credit : 7daydaily


10 Mar 2017     1,395 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS