စီပွားရေးကျပ်တည်းမှုကြောင့် အမျိုးသမီးတစ်ဦး ဆွဲကြိုးချ အဆုံးစီရင်
10 Mar 2017 1,671 Views

ကရင်ပြည်နယ်၊ဘားအံမြို့တွင်၊မတ်လ(၉)ရက်နေ့ကအမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ မတ်လ ၉ရက်နေ့ နံနက် ၆နာရီအချိန်ခန့်တွင် ဘားအံမြို့၊အမှတ် ၄ရပ်ကွက်၊ခေတ္တာလမ်း၊အမှတ်(၄/၉၅၅)နေအိမ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ဘားအံမြို့မရဲစခန်းသို့အကြောင်းကြား၍ ဘားအံမြို့မရဲစခန်းမှူး ဒုတိယရဲမှူးတင်မောင်ဦး၊တာဝန်မှူးဒုရဲအုပ်အောင်ကျော်ကိုတို့ဦးစီးအဖွဲ့မှ သက်သေ ဦးမောင်တင့်လွင်၊ဦးမြင့်လွင်တို့နှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်သင်းသင်းလှိုင်၊၅၂နှစ်၊(ဘ)ဦးစောလှိုင်ဖြစ်ကြောင်းသိရပြီး နေအိမ်ရှေ့ လှေကားအနီး အမြင့်(၁၀)ပေခန့်ရှိသောထုပ်တန်း၌ အနီရောင်အဝတ်စကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးလျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူးနှင့်အဖွဲ့မှ သေဆုံးသူ၏မိခင်ဖြစ်သူ ဒေါ်ထွန်းမေ အားမေးမြန်းရာ မတ်လ(၈)ရက်နေ့ည ၁၀နာရီခွဲအချိန်ခန့်တွင် သေဆုံးသူ ဒေါ်သင်းသင်းလှိုင်မှာ ၎င်းနှင့်အတူအိပ်ယာဝင်ခဲ့ကြောင်း မတ်လ ၉ရက်နေ့မနက် ၆နာရီခွဲအချိန်ခန့် ဒေါ်ထွန်းမေ အိပ်ယာနိုး၍အပေါ့သွားစဉ် သမီးဖြစ်သူမှာကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ သေဆုံးသူ၏ခင်ပွန်းမှာလည်းတစ်ဘက် နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေပြီး ငွေကြေးအခက်အခဲဖြစ်၍ စိတ်ညစ်နေသူတစ်ဦးလည်းဖြစ်ကြောင်းသိရှိရသည်။
..
ဒေါ်သင်းသင်းလှိုင် သေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ အဟုတ် စစ်ဆေးနိုင်ရန်အတွက် လူမှုကူညီရေးအဖွဲ့မှ ဘားအံဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ဘားအံမြို့မရဲစခန်းတွင်သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၇)ဖြင့်ရေးဖွင့်ထားကြောင်း သိရှိရသည်။
Credit:မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)