BEC-TERO TV

သိန်းပေါင်းတစ်သောင်းကျော် ရွှေတွေအပြိုင်အဆိုင် ဝတ်ဆင်မယ့် အကယ်ဒမီပွဲ

10 Mar 2017     1,696 Views


အကယ်ဒမီပွဲ ၂၀၁၆ ခုနှစ်တွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားက ဒီနှစ်မှာတော့ ရွှေရောင်တဖိတ်ဖိတ်နဲ့ ပရိဿတ်မျက်စိကျိမ်းရမယ့် ထူးခြားတဲ့ အကယ်ဒမီပေးပွဲ တစ်ခု ဖြစ်လာမှာ အသေအချာပါ။ အကယ်ဒမီရွှေင်စင်ဆုတွေကို ဘယ်အနုပညာသည်တွေ ဆွတ်ခူးမယ်ဆိုတာ ကျိမ်းသေမပြောနိုင်သော်လည်း အကယ်ဒမီပေးပွဲမှာ ဘယ်အနုပညာရှင်တွေက ဘယ်လို ရွှေထည် ဒီဇိုင်းတွေ ဝတ်ဆင်လာမလဲဆိုတာကိုတော့ ပြောပြနိုင်ပါတယ်။

ယခုနှစ်အကယ်ဒမီပေးပွဲအတွက် အနုပညာရှင်များ ဆင်မြန်းရန် ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖို့ရှိတဲ့ ရွှေထည်ပစ္စည်းတွေကို အောင်သမာဓိရွှေဆိုင်က တာဝန်ယူပံ့ပိုးပေးခဲ့ကြောင်း အဆိုပါရွှေဆိုင်၏ Board of Director မဖြူဖြူအောင်က ပြောကြားခဲ့ပါတယ်။ နှင်းဆီအငြိမ့်အဖွဲ့သားများ ဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေးတို့အတွက် ရွှေနှင်းဆီပုံရင်ထိုးနှင့် ကိုင်ဆောင်ရန်အတွက် ရွှေ ၁၀ ကျပ်သားနဲ့ပြုလုပ်ထားတဲ့ လေးထောင့်ပုံစံ အမျိုးသားကိုင် ရွှေပိုက်ဆံအိတ်။

အကယ်ဒမီသက်မွန်မြင့်အတွက် အသည်းပုံဒီဇိုင်းတွင် စိန်လေးများ စီခြယ်ထားသည့် စိန်ပိုက်ဆံအိတ်ကို ကိုင်ဆောင်ကာ စိန်အမြိတ်လေးတွေချထားတဲ့ ဘယက်ကို ဝတ်ဆင်မှာဖြစ်ပါတယ်။ အိချောပိုကတော့ ရွှေသုံးဆယ်သားကို ဒီဇိုင်းဆင်ထားတဲ့ ရွှေအင်္ကျီဝတ်ဆင်ပြီး ရွှေသုံးဆယ်သားခန့်ရှိသော ရွှေပိုက်ဆံအိတ်ကိုကိုင်ဆောင်မှာဖြစ်ပါတယ်။

အကယ်ဒမီမယ်လိုဒီ ကတော့ ကျောက်ရောင်စုံအဆန်းလေးတွေနဲ့ပြုလုပ်ထားတဲ့ ဆွဲကြိုးနဲ့ ရွှေပိုက်ဆံအိတ်ကိုကိုင်ဆောင်မှာပါ။ ဒိန်းဒေါင်ကတော့ သိန်းတစ်ထောင်နီးပါးတန်ဖိုးရှိ ရွှေစလွယ်၊ ရွှေကြိုး၊ ရွှေနာရီ၊ ရွှေခါးပတ်တို့ ဝတ်ဆင်မှာဖြစ်ပါတယ်။

ထို့အပြင် အခြားအနုပညာရှင်များဖြစ်ကြသည့် ချောရတနာ၊ နန်းဆုရတီစိုး၊ ယုသန္တာတင်၊ နန်းခင်ဇေယျာ၊ ဆုပန်ထွာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်၊ ခင်လေးနွယ်နဲ့ သန္တာဗိုလ်တို့ကိုလဲ နောက်ဆုံးပေါ် ကျောက်ဒီဇိုင်းလေးများနှင့် စီချယ်ထားသော လက်ဝတ်ရတနာများနှင့် တစ်ဦးနှင့်တစ်ဦးမတူအောင် ဒီဇိုင်းထွင်ပြီး ဆင်မြန်းပေးသွားမည်ဖြစ်ကြောင်း အောင်သမာဓိ စိန်ရွှေရတနာလုပ်ငန်းမှ သိရှိခဲ့ရသည်။

 

Source:ကုမုန္ဒြာ


10 Mar 2017     1,696 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment