BEC-TERO TV

အိပ်ရာထချိန်မှာ ပင်ပန်းသလို ဖြစ်ရတဲ့အကြောင်းရင်း

10 Mar 2017     1,592 Views


မနက်အိပ်ရာထချိန်မှာ လန်းဆန်း တက်ကြွနေမယ့်အစား ပင်ပန်းနွမ်းနယ်ပြီး မျက်စိတွေမဖွင့်ချင် လောက်အောင် ဖြစ်ရတဲ့အ ကြောင်းရင်းတချို့ကို သိထားရ အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။ သွားကြိတ်ခြင်း - သွားကြိတ်တာက လည်း အိပ်စက်မှုကို ပျက်စီးစေ သလို သွားကိုက်၊ ခေါင်းကိုက်စ တဲ့ နောက်ဆက်တွဲပြဿနာတွေ ပါ ဖြစ်လာနိုင်ပါတယ်။ 
 
ဟောက်ခြင်း- မနက်မိုးလင်းအိပ် ရာထတဲ့အခါ ပင်ပန်းသလိုကြီး ဖြစ်နေပြီး အာခေါင်တွေလည်း ခြောက်နေတာမျိုး ဖြစ်နေရင် တော့ ညအိပ်တုန်းကဟောက်ပြီး အိပ်လို့ဒါမှမဟုတ် အိပ်နေတုန်း အသက်ရှူရပ်တာမျိုးကြောင့် ဖြစ် တယ်ဆိုတာသိထားပါ။ အရက်သောက်များခြင်း -ည ဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ချင်လို့ဆိုပြီး တချို့လူတွေက အ ရက်အကူအညီယူလေ့ရှိကြပါ တယ်။
 
အိပ်လို့ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ပုံ မှန်အိပ်စက်မှုစက်ဝန်းကို အနှောင့်အ ယှက်ပြုတာမို့ နောက်နေ့မနက်နှိုးလာချိန်မှာ မလန်းမဆန်းဖြစ်နေ တာ ကြုံရမှာပါ။ အိပ်စက်မှုအနေအထားမမှန်ခြင်း - ခေါင်းအုံး(ဒါမှမဟုတ်)အိပ်စက် တဲ့နေရာ အနေအထားမမှန်မကန် နဲ့ အိပ်ပျော်သွားပြီး အိပ်ရာထ တဲ့အချိန်မှာ ခေါင်းတွေကိုက်၊ အကြောတက်ပြီး ပင်ပန်းတာမျိုး ဖြစ်တတ်ပါတယ်။ 
 
အိပ်ခါနီးဖုန်းသုံးခြင်း - ဖုန်းတို့၊ တက်ဘလက်၊ အိုင်ပက်စတဲ့အီ လက်ထရွန်နစ်ပစ္စည်းတွေကို ည အိပ်ခါနီးသုံးတဲ့အခါ အဲဒီပစ္စည်း တွေက ထွက်တဲ့အလင်းရောင်က အိပ်စက်မှုဟော်မုန်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
 
Credit : 7daydaily udranews

10 Mar 2017     1,592 Views




RELATED

Most Popular of Health Fix

Most Popular of Life Style