BEC-TERO TV

ဒုတိယ ရင်သွေး ရတော့မယ့် Mark Zuckerberg

10 Mar 2017     1,265 Views


Mark Zuckerberg နဲ့ ဇနီးဖြစ်သူ Priscilla Chan တို့ဟာ ဒုတိယ ရင်သွေး ရတနာကို ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ Facebook ရဲ့ စီအီးအို ဖြစ်သူ Mark Zuckerberg က ကြာသာပတေးနေ့မှာ Facebook တွင် ပို့စ်တစ်ခုတင်ပြီး အဲဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဇနီးမောင်နှံဟာ ရင်သွေး ရတနာ ရရှိဖို့ ၃ ကြိမ် အခွင့်အရေး ရခဲ့ပေမယ့် ကံမကောင်းခဲ့ဘဲ ၂၀၁၅ ခုနှစ်မှာမှ ပထမဆုံး သမီးကလေး Max ကို မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Mark Zuckerberg က “ Max ကို ခက်ခက်ခဲခဲ ရရှိပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဇနီးမောင်နှံဟာ နောက်ထပ် ကလေး ရဖို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ ဇနီးမောင်နှံဟာ နောက်ထပ် ကိုယ်ဝန်ရပြီဆိုတာ သိတဲ့အခါမှာ ကလေး ကျန်းမာဖို့ အရင်ဆုံး မျှော်လင့်ခဲ့ကြပါတယ်။ နောက်ထပ် ရင်သွေးလေးကလည်း မိန်းကလေး ဖြစ်ပါတယ်။ “ လို့ Facebook မှာ ပို့စ်တင်ခဲ့ပါတယ်။ သူက “ ညီမ၊ အစ်မ ၊ မိခင်တို့လို အားကိုးရတဲ့ အမျိုးသမီးတွေ ရှိလို့သာ ကျွန်တော်တို့ ဘ၀တွေဟာ သာယာနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်မွေးလာမယ့် ရင်သွေးလေးကို တွေ့ချင်နေပါပြီ။ သူ့ကို ထူးချွန်တဲ့ အမျိုးသမီး ဖြစ်အောင် အကောင်းဆုံး မြေတောင်မြှောက်ပေးမှာပါ။ “ လို့ ရေးသားထားပါတယ်။

သူက ကလေးမွေးဖွားမယ့် နေ့ကို ကြေညာခြင်း မရှိသေးပေမယ့် ကလေးဟာ ၁၂ ပတ် အရွယ် ရှိပြီလို့ ခန့်မှန်းရပါတယ်။ အဲဒီအတွက် စက်တင်ဘာလလောက်မှာ Mark Zuckerberg ရဲ့ ဒုတိယမြောက်ရင်သွေးကို မြင်တွေ့ရနိုင်ပါတယ်။

Credit ; digitaltimes


10 Mar 2017     1,265 Views




RELATED

Most Popular of Special or Others

Most Popular of NEWS