BEC-TERO TV

ထူးထူးဆန်းဆန်း အိန္ဒိယက မီးတောက် ကွမ်းယာ ရုပ်/သံ

10 Mar 2017     1,560 Views


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ ညဈေးတန်း တစ်နေရာမှာ ထူးထူးဆန်းဆန်း လူတွေဝိုင်အုံကြည့်နေတဲ့ ကွမ်းယာဆိုင်တစ်ဆိုင် ရှိနေပါတယ်။ ကွမ်းယာဆိုပေမယ့် ကွမ်းသီးတွေ၊ ဆေးတွေနဲ့ ယာထားတဲ့ ကွမ်းယာမျိုးမဟုတ်ပဲ ကွမ်းရွက်ထဲမှာ မီးတောက်စေတဲ့ စမုံနက်၊ အုန်းသီးခြစ်ကို ပုံပြီး ရနံ့ရည်ဖျန်းလိုက်ကာ မီးရှို့ပြီး စားမယ့်သူရဲ့ ပါးစပ်ထဲကို မီးတောက်နဲ့အတူ တိုက်ရိုက်ထိုးသွင်း စားရတဲ့ ကွမ်းယာမို့ စားချင်သူတွေနဲ့ စည်ကားနေတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ 
 
တစ်ချို့က စားချင်ပေမယ့် ပါးစပ်ဟထားရက်ကြီး မီးတောက်ကို မြင်ပြီး မရဲတရဲဖြစ်နေတာကိုလည်း တွေ့ရပါတယ်၊ ရောင်းချသူတွေကတော့ စိတ်မပူဖို့ပြောပြီး ပါးစပ်ထဲကို ခပ်မြန်မြန်ထိုးသွင်းပေးလိုက်တာကို တွေ့မြင်ရပါလိမ့်မယ်။
“Fire Paan” လို့ခေါ်တဲ့ ဒီကွမ်းယာကို အာရှတောင်ပိုင်းမှာ စားသုံးလာခဲ့တာ ရာစုနှစ်များစွာ ကြာပြီလို့ သိရပါတယ်။ ထူးကဲတဲ့ အရသာရှိတဲ့ ဒီကွမ်းယာဟာ လူငယ်တွေကြားမှာ ခေတ်စားနေပါတယ်။
 

10 Mar 2017     1,560 Views




RELATED

Most Popular of Special or Others

Most Popular of NEWS