၂၀၁၇ ခုနှစ် သင်္ကြန်ပိတ်ရက် ပြင်ဆင်ခြင်းနှင့် ပိတ်ရက် ပြန်လည်အစားရမည့် နေ့များထုတ်ပြန်
11 Mar 2017 1,845 Views

မြန်မာပြက္ခဒိန်အရ သင်္ကြန်ကာလ ရုံးပိတ်ရက် (၁၀) ရက်ရှိခဲ့သော်လည်း ရက်ရှည်ရုံးပိတ်သည့်အတွက် နိုင်ငံတစ်ကာနှင့် ဆက်သွယ်လုပ်ကိုင်ရသည့် ဘဏ်လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နိုင်ပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ သင်္ကြန်ပွဲတော် ရုံးပိတ်ရက်ကို တရားဝင် (၅) ရက်သာ ပြောင်းလဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာခဲ့သည်။
ရုံးပိတ်ရက် (၁၀) ရက်အစား (၅) ရက်သာ ရရှိခဲ့သည့်အတွက် ကျန် (၅) ရက်ကို အခြားရုံးပိတ်ရက်များတွင် ပြန်လည် အစားထိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းကဲ့သို့ အစားထိုပေးခြင်းမှာလည်း ၂၀၁၇ ခုနှစ်အတွက်သာ ဖြစ်ပြီး နောင်နှစ်များတွင် ပုံမှန်ပိတ်ရက်များအတိုင်းသာ ခံစားခွင့်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
ရုံးပိတ်ရက်ပြင်ဆင်ချက်နှင့် အစားထိုးရရှိမည့် ပိတ်ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်
၂၀၁၇ ပြက္ခဒိန်နှစ်အတွက် မြန်မာနိုင်ငံ ရုံးပိတ်ရက်များကို နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာပါ ကြေညာချက်

Ref:TheVoice, Myanmaralin







