BEC-TERO TV

ရုပ်ရှင်ထဲကအတိုင်း လေယာဉ်ဘီးကိုဖက်တွယ်ပြီး စင်ကာပူနိုင်ငံကိုလိုက်ရန် ကြိုးပမ်းခဲ့သူ နှစ်ဦး

11 Mar 2017     1,519 Views


အင်ဒိုနီးရှားနိုင်ငံ ဆိုကာနို-ဟတ်တ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စက်ကာပူနိုင်ငံသို့ ထွက်ခွာမည့် လေယာဉ်ဘီးကို တွယ်ဖက်ကာ ခိုးလိုက်ရန် ကြိုးစားခဲ့သူနှစ်ဦးကို လေကြောင်းလိုင်းဆိုင်ရာ လုံခြုံရေးများက ဖမ်းဆီးခဲ့သည်။
 
အန်းဒရက်စ်(၂၀ နှစ်) နှင့် ရန်ဒီရန်ရှာ(၁၇ နှစ်) တို့က စင်ကာပူသို့ထွက်ခွာမည့် လေယာဉ်၏ ဘီးသိမ်းသည့် နေရာတွင် ပုန်းခို၍ လိုက်ရန် ကြိုးစားစဉ် လုံခြုံရေးမျာက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဂျကာတာစတင်စာတွင် ဖော်ပြပါရှိသည်။
 
လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ဒီဝမ်ဒိုနို ပရေ့စ်ယို က သူတို့နှစ်ဦဟာ လေယာဉ်ကွင်းနားကနေ ချောင်းမြောင်းပြီး ခြံစည်းရိုးကနေတစ်ဆင့် လေယာဉ်နဲ့ချိပ်ဆက်ထားတဲ့ ပြွန်ပေါ်ကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ကုန်စည်ဌါနက လုံခြုံရေးအရာရှိတွေက တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
 
ဖမ်းဆီးခံရသူနှစ်ဦးက စင်ကာပူကို ထွက်မယ့်လေယာဉ်ကို ဘီးအတင်အချနေရာက ခိုးစီးဖို့ ကြံစည်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အဲဒီလိုလုပ်ဖို့ နည်းလမ်းကို သူတို့ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
 

11 Mar 2017     1,519 Views




RELATED

Most Popular of International News

Most Popular of NEWS