BEC-TERO TV

ဆရာက လူမဆန်စွာ မတ်ခွက်နဲ့ ပစ်ပေါက်လို့ မျက်နှာပျက်စီးခဲ့သည့် ကျောင်းသူ

11 Mar 2017     1,501 Views


ထိုင်းနိုင်ငံရှိ စာသင်ကျောင်းတစ်ခုတွင် ကာယနည်းပြဆရာက ဒေါသတကြီး အနီးရှိ မတ်ခွက်နဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးရဲ့ မျက်နှာက လိမ်ပြီးရွဲ့စောင်းသွားခဲ့ပါတယ်။
 
သူမရဲ့ မျက်နှာ ဘယ်ဘက်ခြမ်းကို ထိမှန်ခဲ့တာကြောင့် ရွဲ့စောင်းသွားခဲ့ပြီး သူမရဲ့  ပါးစပ် ဘယ်ဘက်ခြမ်းနဲ့ ဘယ်ဘက် မျက်လုံး ပိတ်ဖို့ အတော်ကြီး ခက်ခဲခဲ့ပါတယ်။ 
 
 
ကာယအချိန်မှာ ဆရာဖြစ်သူက ထိုင်ခိုင်းတာကို ပူတဲ့အတွက် မထိုင်ပါရစေနဲ့လို့ ငြင်းဆန်ခဲ့တာကို ဆရာက ဒေါသထွက်ပြီး မတ်ခွက်နဲ့ မျက်နှာကို လှမ်းပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပြဿနာအတွက် ဆေးကုသစရိတ် ထိုင်းဘတ်ငွေ သုံးသိန်း (ကျပ် ၁၁၆ သိန်းကျော်) ပေးလျှော်ရန် တာဝန်ရှိတဲ့ ကျောင်းက ငြင်းဆန်ခဲ့တဲ့အတွက် ထိုင်းမီဒီယာတွေနဲ့ ပရိသတ်ရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။
 
အလှအပအတွက် ခွဲစိပ်ပြုပြင်ပေးတဲ့ ယန်ဟီးဆေးရုံက သူမကို နဂိုပုံမှန်အတိုင်း ပြန်ဖြစ်အောင် အခမဲ့ကုသပေးဖို့ တာဝန်ယူခဲ့ပါတယ်။ ခန္ဓာကိုယ်လေ့ကျင့်ခန်းကုထုံး၊ အပ်စိုက်ကုထုံးများနှင့် ငါးလကြာမျှ ကုသခဲ့ပြီးတဲ့နောက် သူမရဲ့မျက်နှာဟာ နဂိုအရင်ပုံစံအတိုင်း ပြန်ဖြစ်လာခဲ့ပါတယ်။
 
 
ကာယဆရာကတော့ မတ်ခွက်နဲ့ ပေါက်ခဲ့တာကို ငြင်းဆန်နေပြီး မတ်ခွက်က ပြင်းတင်းပေါက်ကို ထိလို့ ပြန်ကန်ပြီး သူမရဲ့ မျက်နှာ မှန်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ထောင်ဒဏ် ၁၀ နှင့် ဒဏ်ငွေ ဘတ် နှစ်သောင် (ကျပ် ရှစ်သိန်းနီးပါး) ပေးဆောင်ရမှာ ဖြစ်ပါတယ်။
 

11 Mar 2017     1,501 Views




RELATED

Most Popular of International News

Most Popular of NEWS