BEC-TERO TV

စီးတီးတက္ကစီ သက်တမ်းတိုးနှင့် မှတ်ပုံတင်ခြင်းကို YRTA မှ လွှဲပြောင်းဆောင်ရွက်

13 Mar 2017     1,354 Views


စီးတီးတက္ကစီ သက်တမ်းတိုးခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းကို သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (ဗဟို) YRTA က လွှဲပြောင်း ရယူလိုက်ပြီ ဖြစ်သည်။
 
ထို့ကြောင့် မတ်လ ၆ ရက် က စတင်၍ စီးတီးတက္ကစီများ သက်တမ်းတိုးခြင်းကို တောင်ဥက္ကလာမြို့နယ်ရှိ YRTA ရုံးခန်းတွင် ပြောင်းလဲဆောင်ရွက်နေသည်။ စီးတီးတက္ကစီများသက်တမ်း တိုးခြင်းကို ပြီးခဲ့သည့် အစိုးရလက်ထက်၌ ရန်ကုန်မြို့တော်စည်ပင်က ကိုင်တွယ်ခဲ့ပြီး နောက်ပိုင်းတွင် မထသက လွှဲပြောင်းရယူခဲ့သည်။
 
ယခုအခါ မထသကို ဖျက် သိမ်းလိုက်ပြီဖြစ်သောကြောင့် YRTA က စီးတီးတက္ကစီများနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။
ထို့ကြောင့် သက်တမ်းတိုးလို သူများအနေဖြင့် အမှတ် (၂၉၆)၊ သံသုမာလမ်း၊ (၁၅) ရပ်ကွက်၊ ဘေလီမီးပွိုင့်အနီး၊ တောင်ဥက္က လာပမြို့နယ်၊ ရန်ကုန်မြို့ရှိ ရန် ကုန်တိုင်းဒေသကြီး YRTA ရုံးတွင် ခရိုင်များအားလုံးကို ပေါင်းစည်း​၍ တစ်နေရာတည်း၌ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း YRTA က ထုတ်ပြန်ထားသည်။
 
စီးတီးတက္ကစီများသက်တမ်း တိုးခြင်းနှင့် မှတ်ပုံတင်ရာတွင် ယာဉ်လိုင်စင်၊ ဝှီးတက်မိတ္တူနှစ်စုံ၊ ‘ဂ’လုပ်ငန်းလိုင်စင် (တြိဂံ) မိတ္တူ တစ်စုံ၊ လုပ်ငန်းအဝိုင်း (၁/၂) မိတ္တူတစ်စုံစီ၊ ယာဉ်ပိုင်ရှင်စာအုပ်(အုံနာဘုတ်) မိတ္တူတစ်စုံ၊ ယာဉ် အရောင်းအဝယ်စာချုပ်မိတ္တူတစ် စုံ၊ ယာဉ်ပိုင်ရှင်နိုင်ငံသားကတ် မိတ္တူတစ်စုံ၊ ယာဉ်ပိုင်ရှင်အိမ် ထောင်စုစာရင်းတို့ဖြင့် ယခင်က ကဲ့သို့ သက်တမ်းတိုးတိုင်း လိုအပ်သည့်စာရွက်စာတမ်းများဖြစ်ပြီး အပြောင်းအလဲမရှိသည်။
 
‘‘သက်တမ်းက တစ်နှစ်တစ်ခါ တိုးရတာပါ။ တစ်သောင်း လောက် အပြီးအစီးကုန်တယ်။ တချို့က မလုပ်တာများတယ်။ သိပ်အရေးမပါလို့’’ဟု တက္ကစီ ယာဉ်မောင်း ကိုကျော်ဦးနိုင်က ပြောသည်။
 
 စီးတီးတက္ကစီများ သက်တမ်းတိုးရာတွင် အများစုက ရက် လွန်ဒဏ်ကြေးပေးပြီး လုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။
 
YRTA သည် နောက်ပိုင်းတွင် အငှားယာဉ်များနှင့် ပတ် သက်၍ စာရင်းကောက်ယူကာ အရေအတွက် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန် စီစဉ်ထားသည်။ ရန်ကုန်မြို့တွင် စီးတီးတက္က စီအရေအတွက် ခြောက်သောင်းကျော်ရှိကြောင်း ကညနလုပ်ငန်းလိုင်စင်ရုံးက ထုတ်ပြန်ထားသည်။
 
Credit:7DayNews

13 Mar 2017     1,354 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS