BEC-TERO TV

ဟာသဇာတ်ရုပ်ပေးခဲ့ရင် အကယ်ဒမီမျှော်လင့်တယ် ဆိုတဲ့ ရန်အောင်

13 Mar 2017     1,471 Views


အကယ်ဒမီ အတွက်အနုပညာရှင်တိုင်းရင်ခုန်ကြပါတယ် အကယ်ဒမီနဲ့ ပတ်သတ်ပြီး အကယ်ဒမီများရှင် ရန်အောင်ကတော့ “ကျွန်တော်ကတော့ရတဲ့ သူတွေကိုအားပေးမယ် ။ ပရိတ်သတ်တွေကတော့ သူတို့ ၇စေချင်တဲ့ သူတွေ အတွက်ပဲ ရင်ခုန်ပေးမှာပါ” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

ဇာတ်ကားအနေနဲ့ ပဲခူးဆားနဲ့ သူရဲ့ဗိုင်းရပ်စ် များ ဇာတ်ကားတော့ ရှိပြီးဟာသဇာတ်ရုပ်ဆိုတော့ ရလောက်မယ်မထင်ပါဘူး ဟာသဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်ပြီး တစ်ကားလုံးဆွဲခေါ်သွားနိုင်တာကြောင့် ရဖို့မျှော်လင့်ရုံလေးပါ ။အရင်နှစ်တွေကလဲ ပရိတ်သတ်တွေက အကယ်ဒမီ မှန်းပေးကြပေမယ့် လွဲ့ခဲ့ ပါတယ် ။ အကယ်ဒမီက အစကတည်းက ပေးရင်ယူမယ် မပေးရင်လဲ မရဘူးပေါ့ ဆိုပြီးပဲ တွေးထားပါတယ် ။

တစ်ခါတစ်လေ ကိုယ်အားရကျေနပ်တဲ့ ဇာတ်ကားလေးတွေ ၊ ကိုယ်ကြိုးစားအားထုတ်ထားတဲ့ ဇာတ်ကားလေးတွေ ရှိတဲ့ နှစ်ဆိုရင်တော့ မျှော်လင့်မိပါတယ်။ မရခဲ့ ရင်လဲ ကိုယ်ညံ့သေးလို့ ကိုယ့်ထက်တော်တဲ့ သူတွေ ရသွားတယ်လို့ ပဲ ခံယူထားလိုက်ပါတယ် ။ ဒါကြောင့် အကယ်ဒမီ နဲ့ ပတ်သတ်ပြီး စိတ်ထဲ အရမ်းကြီး မထည့်ထားဘူး သိပ်မခံစားဘူး ပရိတ်သတ်တွေက ပေးကြတာ နဲ့ တင်ပျော်ပါတယ်ဆိုပြီး သူရဲ့ ရင်ခုန်သံ ကို ပြောပြသွားခဲ့ ပါတယ် ။

Credit:Oasis


13 Mar 2017     1,471 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment