BEC-TERO TV

ဆန္ဒပြမှုတွေဖြစ်နေချိန် တူရကီဝန်ကြီးကို နယ်သာလန် နှင်ထုတ်

13 Mar 2017     1,276 Views


နယ်သာလန်ဟာ တူရကီဝန်ကြီးတစ်ဦးကို နိုင်ငံကနေ နှင်ထုတ်ခဲ့ပြီး တစ် ချိန်တည်းမှာပဲ ရော့တာဒမ်မြို့ရှိ တူရကီ ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြနေသူတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မီးသတ်ပိုက်တွေ၊ မြင်းတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။ နှစ်နိုင်ငံကြား သံတမန်ရေး အချေအတင်ကိစ္စတွေ အရှိန်မြင့်လာချိန်မှာ ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ လူ ၁၀ဝ၀ ကျော် စုဝေးနေတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ရဲတွေရဲ့ ကားတွေကို ရေဘူးတွေနဲ့ ပစ်ပေါက်ပြီး လူအုပ်နဲ့ သောင်းကျန်းခဲ့ကြပါ တယ်။ တူရကီရဲ့ မိသားစုရေးရာဝန်ကြီးကို ကောင်စစ်ဝန်ရုံးထဲ နယ်သာလန်က ဝင်ရောက်ခွင့်တားမြစ်ပြီး ဂျာမနီနယ်စပ်ကို အစောင့်အကြပ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ ဖတ်မာဘက်တူဆေယန်ကာယာဟာ နယ်သာလန်အတွင်း နေထိုင်ကြတဲ့ တူရကီလူမျိုးတွေဆီက မဲရဖို့ စည်းရုံးရေး အတွက် စီစဉ်ထားတဲ့ လူထုစုဝေးပွဲမတိုင်မီ စနေနေ့မှာ ကားလမ်းခရီးကနေ ရောက်ရှိလာခဲ့တာပါ။

တူရကီမှာ တူရကီဝန်ကြီးချုပ် အာဒိုဂန်ရဲ့ အာဏာကို ပိုချဲ့ထွင်ဖို့ သင့်မသင့်နဲ့ ပတ်သက်ပြီး လာမယ့်လမှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့ရှိပါတယ်။ ဒါပေမဲ့ ကာယာရောက်ရှိလာချိန်မှာ ဒတ်ခ်ျအာဏာပိုင်တွေက သူ့ကို ကောင်စစ်ဝန်ရုံးဝင်ခွင့်မပြုဘဲရဲတွေစောင့်ကြပ်ကာဂျာမနီနယ်စပ်ကို ပို့လွှတ်ခဲ့တယ်လို့ ဒတ်ခ်ျဝန်ကြီးချုပ် မာ့ခ်ရတ်ကတနင်္ဂနွေနေ့မနက်မှာအတည်ပြုပြောပါတယ်။ ရော့တာဒမ်ကို ကာယာရောက်ရှိလာတာဟာ တာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတွေကြားက မတူညီမှုတွေကိုသင့်လျော်တဲ့ ညှိနှိုင်းမှုနဲ့ အဖြေရှာဖို့ ကြိုးပမ်းတာဟာ မဖြစ်နိုင်ကြောင်း သိခဲ့ရပြီလို့ နယ်သလန်ဝန်ကြီးချုပ်မာ့ခ်ရတ်က ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

ဘာကြောင့်ပြဿနာဖြစ်နေတာလဲ

တူရကီဟာ ပါလီမန်စနစ်ကနေ အမေရိကန်ရဲ့ စနစ်နဲ့ နီးစပ်တဲ့ သမµတနိုင် ငံအဖြစ် ပြောင်းသင့် မပြောင်းသင့်ကို ဧပြီ ၁၆ ရက်မှာ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဆုံး ဖြတ်မှာ ဖြစ်ပါတယ်။ သည်ပွဲမှာ အနိုင်ရခဲ့ရင် တူရကီမှာ သမ္မတအာဏာပိုကြီးလာမှာဖြစ်ပြီး ဝန် ကြီးတွေ ခန့်အပ်ခွင့်၊ ဘတ်ဂျက်စီစဉ်ခွင့်၊ အရေးပါတဲ့ တရားသူကြီးအများစုကို ရွေးချယ်ခန့်အပ်ခွင့်၊ ဒီကရီအမိန့်တွေကို ဥပဒေအဖြစ် ပြဋ္ဌာန်းခွင့်ရရှိစေမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် သမ္မတတစ်ဦးတည်း အာဏာနဲ့ပဲ နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိလာမှာဖြစ်သလို လွှတ်တော် ဆုံးဖြတ်ချက်ကို ပယ်ချနိုင်ပါတယ်။ မဲဆန္ဒခံယူပွဲမှာ အနိုင်ရဖို့က အာဒိုဂန်အနေနဲ့ တူရကီရဲ့ ပြည်တွင်းတင်မကဘဲ ပြည်ပမှာရှိတဲ့ နိုင်ငံသားတွေဆီကပါ ထောက်ခံမဲရရှိဖို့ လိုပါတယ်။ တူရကီပြည်ပမှာ နေထိုင်သူ နိုင်ငံသားဦးရေ ၅.၅ သန်းရှိပြီး ဂျာမနီတစ်နိုင်ငံ တည်းမှာပဲ မဲဆန္ဒရှင် ၁.၄ သန်းရှိနေတာကြောင့် သူတို့ကို စည်းရုံးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒါကြောင့်ပဲ ဂျာမနီ၊ ဩစကြီးယားနဲ့ နယ်သာလန်အပါအဝင် တူရကီတွေ လက်ရှိနေထိုင်မှုများတဲ့ နိုင်ငံတွေမှာ စုဝေးထောက်ခံပွဲတွေ တော်တော်များများ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း အာဒိုဂန် ထောက်ခံသူတွေရဲ့ သည်လိုစုဝေးတာ တွေကို လုံခြုံ ရေး စိုးရိမ်မှုအကြောင်းပြ ချက်နဲ့ နိုင်ငံအများစုက တရားဝင်တား မြစ်ပိတ်ပင်ခဲ့ကြပါတယ်။ သည်စုဝေးမှုတွေကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေမှာ ကို စိုးရိမ်တာကြောင့် တူရကီအနေနဲ့ ရပ်တန်းကရပ်ပေးဖို့ နယ်သာလန်က တောင်း ဆိုထားတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါ တယ်။ အာဒိုဂန်က ဒတ်ခ်ျအစိုးရကို နာဇီအကြွင်းအကျန်၊ ဖက်ဆစ်တွေလို့ ပြောခဲ့ပြီး ဂျာမနီကို နာဇီလုပ်ထုံးကျင့်သုံးနေတယ်လို့ စွပ်စွဲကာ နှစ်နိုင်ငံလုံးကို ပုတ်ခတ်ခဲ့ပါ တယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆို ဂလူးကို လေယာဉ်နဲ့ မလာနိုင်အောင် နယ်သာလန်က ပိတ်ပင်ခဲ့ပြီးနောက် အာဒိုဂန်ရဲ့ လေသံပိုပြင်းထန်လာခဲ့ပြီး ဒတ်ခ်ျ လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်မယ်လို့ ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ ကူဗူဆိုဂလူးကလည်း သူ့ရဲ့ ခရီးစဉ်ကို ပိတ်ပင်ရင် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေ တူရကီက လုပ်ဆောင်လိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

Credit : kumudranews


13 Mar 2017     1,276 Views




RELATED

Most Popular of International News

Most Popular of NEWS