BEC-TERO TV

မြွေနှင့်ဆော့ကစားတဲ့ ကလေးငယ် ရုပ်/သံ

13 Mar 2017     2,182 Views


မတ်တပ်စမ်းတဲ့အရွယ်၊ စကားတောင်မပြောတတ်သေးတဲ့ ကလေးလေးတစ်ယောက် မြွေတစ်ကောင်နဲ့ မကြောက်မရွံ့ဆော့ကစားနေတဲ့ ဗီဒီယိုက ကြည့်မသူတိုင်း ကြက်သီးထစေပါတယ်။ ဗီဒီယိုအရ ကလေးရဲ့ အုပ်ထိန်းသူများကိုယ်တိုင် ပေးကစားထားတာကို တွေ့မြင်ရပါတယ်။
 
ငယ်စဉ်ကထဲက မြွေဆိုတာ ကြောက်စရာမဟုတ်ကြောင်း ကလေးငယ်ကို သင်ပြလိုဟန်ရှိပါတယ်။ ဒါပေမယ့် အခြားတစ်နေရာမှ တစ်ကယ်အဆိပ်ပြင်းတဲ့မြွေကို ခါတိုင်းသူကစားနေကျ မြွေလိုပဲ သတ်မှတ်ပြီး ဟိုဆွဲ ဒီဆွဲသွားလုပ်ရင်တော့ မတွေးဝံ့စရာပါပဲ..။ မိဘတွေအနေနဲ့ ကလေးငယ်တွေကို သင်ကြားပြသတဲ့ နေရာမှာ ကလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး သင့်တော်သလောက်ကိုသာ ညွှန်ကြားပြသဖို့လိုပါတယ်။ 

13 Mar 2017     2,182 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family