BEC-TERO TV

လှချင်သူတွေအတွက် ပျားတုပ်ခံပြီးကုရမည့် ကုထုံးအသစ်

13 Mar 2017     1,574 Views


ယနေ့ခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားတွေပါ လှချင်ကြည့်ကောင်းချင်လာကြပါတယ်။ လူမှန်ရင်တော့ လူတိုင်းလှချင်ကြတာအမှန်ပါပဲ။ ဒါကြောင့် ထီတွင်တဲ့သူတွေကလည်း အမျိုးမျိုးစမ်းသပ်တီထွင်နေကြတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ပျားတုပ်ခံပြီးကုတဲ့ နည်းသစ်ကိုတီထွင်လိုက်ပါတယ်။ ပျားတစ်ကောင် နှစ်ကောင်ဖြင့်ကုသတာမဟုတ်ပါဘူး။
 

ပျားအုံလိုက် မျက်နှာပေါ်ကိုဖုံးအုပ်ပြီးကုသတာဖြစ်တယ်လို့သိရပါတယ်။ အပ်စိုက်ကုထုံး၊ လေဆာကုထုံး အစရှိသဖြင့် များစွာသော ကုထုံးများကိုလည်း အလှအပအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာမြင်တွေ့နိုင်ပါတယ်။ ယခု ပျားတုပ်ခံပြီးကုသရမည့် ကုထုံးကတော့ ဆဲလ်သေတွေကို တကယ်ဖယ်ရှားနိုင်ရင်တောင် ပျားအုံလိုက် တုပ်ခံရမှာဆိုတော့ဖြင့် နာမှာတော့ အသေအချာပဲဖြစ်ပါတယ်။
 

Credit ;


13 Mar 2017     1,574 Views




RELATED

Most Popular of Special or Others

Most Popular of NEWS