တောမရောက်တောင်မရောက် သံဃာအခြောက်
13 Mar 2017 2,097 Views
ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အရွယ်ရောက်တဲ့ အမျိုးသားတွေဟာ ရှင်ပြု၊ ရဟန်းခံခြင်းဖြင့် သံဃာ့ဘောင်ကို ခဏတာဝင်ရတာပဲ ဖြစ်ပါတယ်။ ယခုလို နှစ်သစ်ကူးအချိန်မှာ ရဟန်းခံရှင်ပြုပွဲတွေ နေရာအနှံ့မှာ တွေ့နေရပါတယ်။ ဒါပေမယ့် ယောက်ျားဖြစ်လို့ သင်္ဃန်းစည်းရပေမယ့် စိတ်က မိန်းမလျာစိတ် ပေါက်နေပြန်တော့ ရဟန်းဘဝ တစ်ခဏမှာ မဟုတ်မဟတ်တွေ လုပ်မိတဲ့အခါ ကိုယ်တိုင်လည်း ကုသိုလ်မရ၊ ငရဲရ ဆိုသလို ဘာသာသာသနာအတွက်လည်း ညိုးလျော်စေပါတယ်။
ဗီဒီယိုထဲက ရဟန်းပျိုတွေကတော့ ကမ္ဘောဒီးယား မိန်းမလျာတွေ ဖြစ်ပြီး ဘုန်းကြီးကျောင်းမှာ သင်္ဃန်းဝတ်နဲ့ ပေါက်ကတွေ လုပ်နေတာကို အကျည်းတန်စွာ တွေ့မြင်ရပါတယ်။








