BEC-TERO TV

မော်ဒယ် အေဂျင်စီဖွင့် မယ့် ထက်ထက်ထွန်း

13 Mar 2017     1,261 Views


Miss Universe Myanmar 2016 ဆုရှင်ဖြစ်ပြီး Miss Universe National Costume ဆုကို အရယူထားတဲ့ အလှမယ် ထက်ထက်ထွန်းဟာ လက်ရှိမှာ Event Management ကုမ္မဏီ ကိုထောင်ထားပြီး တက်သစ်စ မော်ဒယ်လေးတွေအတွက်လဲ Model Agemcy ကို သင်္ကြနိအပြီးလောက်မှာ ဖွင့်ဖို့ ရှိတယ်လို့ ပြောထားပါတယ် ။

ကိုယ်တိုင်စလုပ်တုန်းက အခက်အခဲ အများကြီး ရှိခဲ့ ပြီး အခုဆို အတွေ့အကြုံတွေလဲ ရှိလာပြီး နိုင်ငံ ကိုယ်စားပြုတစ်ယောက်အနေနဲ့ ဘာလုပ်ပေးရမလဲ စဉ်းစားတဲ့ အချိန်မှာ Event Managemant ကုမဏီလဲ ထောင်ပြီးသားဖြစ်နေတော့ နောင်တက်လာမယ့် လူငယ်တွေအတွက် အရည်အချင်းရှိသူတွေပေါ်ထွက်လာနိုင်အောင် Model Agancy ထောင်ဖို့ ရည်ရွယ်ဖြစ်သွားတာလဲ ဖြစ်ပါတယ်။

အသားမစားပဲ သတ်သတ်လွတ်စားနေတာ တစ်နှစ်ကျော်သွားပြီ ဖြစ်ပြီး ရာသက်ပန် ပြုလုပ်သွားဖို့လဲ အစီအစဉ်ရှိပါတယ်လို့ ပြောထားပါတယ် ။ တိရစ္ဆာန်လေးတွေကို ချစ်ပြီး တိရစ္ဆာန်လေးတွေကို သတ်တဲ့ Video File တွေကြည့်မိပြီး အသားမစားဖို့ ဆုံးဖြတ်ခဲ့တာလဲ ဖြစ်ပါတယ်။ သက်သက်လွတ်စားတာ အစပိုင်း အခက်အခဲ ရှိခဲ့ ပေမယ့် နောက်ပိုင်းကြတော့ အသားဟာ ကိုယ်နဲ့ မဆိုင်တော့ သလို နေလို့ ရသွားပါတယ်။

Miss Universe သွားပြိုင်တုန်းကတော့ အစားအသောက် အခက်အခဲ နည်းနည်းရှိခဲ့ပါတယ်။ သီးသန့် Vegetarian စီစဉ်ခိုင်းရမှာဆိုတော့ လဲ မပြောဖြစ်တော့ ပဲ Salad နဲ့ Posta ပဲ အမြဲ စားတော့ ကြာတော့ အီလာပေမယ့် ခန္ဓာကိုယ် ထိန်းသိမ်းဖို့တော့အများကြီးအထောက်အကူ ရခဲ့ပါတယ် လို့ ပြောသွားခဲ့ပါတယ် ။

Credit:popular


13 Mar 2017     1,261 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment