BEC-TERO TV

မကျွတ်မလွတ်သူတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ နန်းခင်ဇေယျာ

13 Mar 2017     1,313 Views


ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေရင်း သရဲဝင်ပူးခဲ့တဲ့ အဖြစ်ဟာ တော်တော်ကို ပျံ့နှံ့ခဲ့ပါတယ်။ ထိုဇာတ်ကားထဲမှာ နန်းခင်ဇေယျာ လဲ ပါဝင်တဲ့ အတွက်သူမလဲ ကိုယ်တိုင်တွေ့ကြုံခဲ့ ရတာလဲ ဖြစ်ပါတယ် ။ ရုပ်ရှင်ကားကြီးနာမည်က သန်းခေါင်ယံခရီးသည် ဖြစ်ပြီး ဒါရိုက်တာ ဒဿကျော်စွာ ရိုက်ကူးပြီး ပိုင်တံခွန် နဲ့ အတူ သရုပ်ဆောင်ရတာလဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းက အမြန်လမ်းပေါ်မှာတကယ်ဖြစ်ပျက်ပြီးကွယ်လွန်တိမ်းပါးခဲ့ကြတဲ့ ဖြစ်ရပ်မှန်တွေကို ရိုက်တာလဲ ဖြစ်ပါတယ် ။

နန်းခင် နဲ့ ပိုင်တံခွန် က ခရီးသွားကြရင်း အမြန်လမ်းမှာသေသွားတဲ့ အံစာတုံးကားမီးလောင်တဲ့ ၈ယောက်ထဲက တစ်ယောက်က ကားပေါ်တက်လာပြီး နန်းခင်တို့ကို အိမ်မက်လာပေးမယ် ဒီကားကို ဘယ်သူမီးရှို့တာပါ ဆိုပြီးတော့ ဒီအခန်းရိုက်ကူးနေတဲ့ အချိန်မှာ တကယ်ဝင်ပူးကုန်ကြတာ တစ်ယောက်ပြီး တစ်ယောက်ဝင်ပူးကုန်ကြပြီး စကားတွေလဲ ၀ူးဝူးဝါးဝါးပြောကုန်ကြတယ်နောက်ဆုံး မထွက်တော့ ရှုတင်ကို နားလိုက်ရတယ် ။

 နေ့တိုင်း ည ၆ နာရီကနေ မနက် ၆ နာရီ အထိ ရိုက်ကြရပြီး အဲ့ဒိနေ့ကတော့ ရှုတင်ကို ၁၂ မှာ နားလိုက်ရတယ် တနေ့ တမျိုးတော့ ဖြစ်ပါတယ် ။ နန်းခင် သရဲကားတော်တော်များများ ရိုက်ခဲ့ ဘူးပါတယ် ။ သေသွားတဲ့ သားအမိနှစ်ယောက်ကားရိုက်တုန်းကလဲ ဘေးမှာတောက်လျှောက်လိုက်လာတာ အကုန်လုံးမြင်ကြတယ် ။

ရိုက်တာ ၇ ရက်မှာ ဆိုးဆိုးရွားရွားဇြစ်ခဲ့ တာ ကတော့ ၂ရက်ပါ ရိုက်ခါနီးကို ဆိုင်းဝိုင်းနဲ့ကို ပွဲပေးထားတာ ပါ ။ပါတဲ့ သရုပ်ဆောင်တွေကလဲ ကြောက်ပြီး မရိုက်တော့ဘူးလို့ ပြောကြတယ် အိမ်ကလူကြီးတွေကလဲ စိတ်ပူပြီး ပြန်ခေါ်ကြတယ် ။ တစ်ကားလုံးမပြီးပဲ နဲ့ ဖျက်လို့ မရတော့ ဒါရိုက်တာ က တောင်းပန်ပြီး ဆက်ရိုက်နေပါတယ်။ ရှုတင်မှာပဲ အရိုက်များခဲ့ ပြီး အခုလို တကယ့် အဇြစ်အပျက်နေရာမှာ သွားရိုက်ကတော့ ကြောက်ဖို့ ကောင်းပါတယ် ဆိုပြီး သူမရဲ့ ကြုံတွေ့ခဲ့ ရပုံကို ပြောပြခဲ့ ပါတယ် ။

Credit:Oasis


13 Mar 2017     1,313 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment