BEC-TERO TV

၁၀ နှစ်ကြာ ကာမဆန္ဒမလိုက်လျောလို့ ခင်ပွန်းရဲ့ ငယ်ပါကို ဖြတ်ပစ်ခဲ့သည့် အမျိုးသမီး

13 Mar 2017     1,716 Views


အိန္ဒိယနိုင်ငံမှ အသက် ၂၈ နှစ်အရွယ် ရီတယာဒဗ် ဆိုသူအမျိုးသမီးက ခင်ပွန်းဖြစ်သူ၏ ငယ်ပါအား မီးဖိုဆောင်သုံးဓါးနဲ့ ဖြတ်ခဲ့ပြီးနောက် ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။
 
ရဲစစ်ဆေးချက်အရ သူမ၏ ခင်ပွန်းဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဗဒ်ပရာကတ်ရှ်က သူမ၏ ကာမဆန္ဒကို ငြင်းပယ်ခဲ့မှုကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူတို့၏ အိမ်ထောင်သက်မှာ ၁၁ နှစ်ရှိပြီဖြစ်သော်လည်း လက်ထပ်ပြီးစ တစ်နှစ်နောက်ပိုင်းမှ စ၍ သူမ၏ ကာမဆန္ဒကို ၁၀ နှစ်လုံးလုံး ငြင်းပယ်ခြင်းခံခဲ့ရသည်။ 
 
သားသမီးအလွန်လိုချင်နေသည့် သူမ၏ ဆန္ဒကို ခင်ပွန်းဖြစ်သူက ၁၀ နှစ်လုံးလုံး ငြင်းဆန်နေခဲ့တဲ့အတွက် အမြဲလိုလို စကားများ ရန်ဖြစ်ခဲ့ကြရပါတယ်။ ခင်ပွန်သည်က သူ့အား ရုပ်ဆိုးလွန်းလို့ မျက်နှာတောင် မကြည့်ချင်ဘူးဟု မကြာခဏပြောလေ့ရှိသည်။ ယောက်ျားက သူ့အပေါ် သစ္စာမရှိ လိမ်ညာနေသည်ဟု ထင်မှတ်လာပြီး တစ်ချိန်လုံးစွပ်စွဲလျှက် မခံစားနိုင်တော့သည့်အဆုံး ဒေါသူပုန်ကြွကာ ခင်ပွန်း၏ ငယ်ပါကို ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။
 
တစ်ရက်တွင် တက္ကစီဆွဲရာမှ ပြန်လာသော ယောက်ျားက ရေချိုးခန်းတွင် ရေချိုးနေခဲ့သည်။ ရေချိုးပြီးထွက်အလာတွင် မိန်းမဖြစ်သူက ရေချိုးခန်းဝ၌ ကျောက်ငရုပ်ကျည်ပွေ့နဲ့ ခေါင်းကို ထုလိုက်ရာ ယောက်ျားမှာ နေရာတွင် မေ့မျောသွားခဲ့သည်။ ယောက်ျားမေ့မျောနေစဉ် မီးဖိုသုံးဓားကို ယူကာ ငယ်ပါကို လှီးဖြတ်ခဲ့ပြီးနောက် ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။
 
ယောက်ျားက သတိပြန်လည်လာချိန်တွင် သွေးသံရဲရဲနှင့် ငယ်ပါအလှီးခံခဲ့ရကြောင်း သိပြီး သူငယ်ချင်းဖြစ်သူအား ဖုန်းဆက် အကူညီတောင်းသဖြင့် ဂျေပီးဆေးရုံသို့တင်ပို့ခဲ့ရသည်။ သူ၏ ငယ်ပါမှာ လုံးဝပြတ်ထွက်လုနီးပါး ဖြစ်ခဲ့ပြီး သွေးလွန်ခဲ့သည်။
 
ကျွန်တော်တို့ သူ့အသက်ရော သူ့ရဲ့အူကိုပါ ကယ်ဆယ်နိုင်အောင်လို့ ငါးနာရီကြာတဲ့ ခွဲစိပ်မှုကို ချက်ချင်း လုပ်ခဲ့ရပါတယ်” ဟု ဆရာဝန်က ပြောကြားခဲ့သည်။ 
ပရာကတ်ရှ် အနည်းငယ်ပြန်လည်ကျန်းမာစပြုလာပြီး မိန်းမဖြစ်သူကိုတော့ အန္တရာယ်ရှိတဲ့ လက်နက်ကို အသုံးပြုပြီး သေစေနိုင်လောက်အောင် ပြုမူခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲဆိုခံထားရပါတယ်။
 

13 Mar 2017     1,716 Views




RELATED

Most Popular of Special or Others

Most Popular of NEWS