BEC-TERO TV

ဓါတ်လှေကားတပ်ဆင်ဝန်ထမ်း ဟိုတယ်သစ် ၆ လွှာအမြင့်မှ ပြုတ်ကျသေဆုံး

13 Mar 2017     1,818 Views


ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆောက်လုပ် နေသော(၆) ထပ်အဆောက်အဦ (ဟိုတယ်-အမည်မပေးရသေး) ပေါ်မှ ဓာတ်လှေကား တပ်ဆင်နေသည့် ဝန်ထမ်း(၁)ဦး ပြုတ်ကျ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်မှာ မတ် (၁၂)ရက်နေ့ နေ့လည်(၂)နာရီ (၃၀) အချိန်ခန့် ပြည်မြို့၊ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသော (၆)ထပ် အဆောက်အဦးတွင် ဓာတ်လှေကား တပ်ဆင်နေသည့် KLEE MANN ဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း ဦးနေလင်း(ခ) နေလင်းနိုင် မှာ ရဲကျော်ထက် ၊ကောင်းဝေသော်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့နှင့် အတူ ဓာတ်လှေကား တပ်ဆင်နေစဉ် မြေညီထပ်တွင် တပ်ဆင်ဆဲ ဖြစ်သော ဓာတ်လှေကားအတွက် လိုအပ်သော ဝါယာကြိုးအား(၅)ထပ်တွင်ရှိသည့် တပ်ဆင်ပြီး ဓာတ်လှေကားတစ်စင်း၏ လူလိုက်ပါသော အခန်း ကြမ်းခင်းပေါ်တွင် သွားယူခဲ့သည်။
 
ထို့နောက်ကြမ်းခင်းပေါ်သို့ တတ်ရန်အတွက် အမြင့် (၁ ပေ၊ ၁ လက်မ) ခါးလုံးပတ်အချင်း(၃)ပေရှိ UNITEX အမျိုးအစား (၅)ဂါလံဝင် ရေဆေးပုံးခွံပေါ်မှ တဆင့် နင်းပြီး တက်လိုက်စဉ် ပုံးခွံမှာ ဟန်ချက်ပျက်ပြီး လူ နှင့်ပုံးခွံမှာ အမြင့် (၅၀)ပေခန့်ရှိ ဓာတ်လှေကား လမ်းကြောင်း အတိုင်း မြေညီထပ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။
 
အမြင့်(၅၀)ပေခန့်မှ ပြုတ်ကျခဲ့သဖြင့် ဦးနေလင်း (ခ) နေလင်းနိုင် (၃၈)နှစ် (ဘ)ဦးလှိုင်မြင့်၊ ဓာတ်လှေကား မောင်း၊ အမှတ်(၃၉၀/က)၊(၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူတွင် ယာဘက်လက်မောင်းရိုးကျိုးပြီး အပြင်သို့ ဖောက်ထွက်နေသော ဒဏ်ရာ၊နဖူးဝဲဘက် ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်တင်ပါး ပွန်းပဲ့ဒဏ်ရာ၊ ယာဘက် ခြေသလုံးအတွင်းပိုင်း ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သည်။
 
 
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးနေလင်း(ခ) နေလင်းနိုင် သေဆုံးရခြင်းမှ ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ပေးပါရန် ရဲအုပ် လှဝင်း မှ တိုင်တန်းချက်အရ ၍ ပြည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၇ ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကာ အမှုအား ဒုရဲမှူးတင်ကို မှ လက်ခံ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
 
Credit:ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Photo:ရာပြည့်

13 Mar 2017     1,818 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS