BEC-TERO TV

အသက်ကိုဉာဏ်စောင့်တယ် ရှုးဖိနပ်မစီးမီသေချာစစ်ပါ

14 Mar 2017     2,055 Views


ရာသီဥတုက တစ်ဖြည်းဖြည်း ပူပြင်းခြောက်သွေ့လာပြီ ဖြစ်လို့ လူတွေဆိုရင် ပန်ကာ၊ အဲကွန်းတွေ တပ်ဆင်ပြီး အပူသက်သာအောင် လုပ်ကြ၊ အိမ်မှာဆို နေရောင်ကျနေတဲ့နေရာတွေကို လိုက်ကာလေးတွေဆင်၊ ဆန်ရှိတ်လေးတွေမိုးပြီး အရိပ်ရအောင် ဖန်တီးကြပါတယ်။
 
 
သတ္တဝါလေးတွေခမျာမှာတော့ အရိပ်ရတဲ့နေရာ၊ အေးမြတဲ့နေရာတွေကို ပြောင်းရွေ့နေထိုင် ခိုနားကြလေ့ရှိပါတယ်။ အဲဒီလို ပြောင်းရွေ့ခိုနားကြတဲ့ သတ္တဝါတွေထဲမှာ အန္တရာယ်ရှိတဲ့ မြွေသတ္တဝါလည်း အပါအဝင်ဖြစ်လို့ လူအသုံးဆောင်ပစ္စည်းတွေကြားထဲ ဝင်ခွေနေတာကို မသိလိုက်တဲ့ အခါမျိုးတွေမှာ လူအတွက် အန္တရာယ်ရှိပါတယ်။
ဒါကြောင့် ရှေ့လူကြီးတွေက “ဟဲ့ အိပ်ယာဝင်ရင် စောင်တွေဘာတွေ ခါကြ၊ မနက်နိုးလာရင်လည်း စောင်တွေကို ပုံမထားနဲ့ သေချာခေါက်ကြ မြွေဝင်ခွေနေတတ်တယ်” လို့ ဆုံးမလေ့ရှိကြပါတယ်။
 
 
ယခုခေတ်က ရုံးကနားတွေမှာ ရှုးဖိနပ်တွေ စီးကြတဲ့ခေတ်ဆိုတော့ ရှုးဖိနပ်တွေကို ဘယ်မှာပဲ ချွတ်ခဲ့ချွတ်ခဲ့ ပြန်မစီးခင် အထဲကို သေချာစစ်ဆေးကြည့်ဖို့လိုတယ်ဆိုတာ ဒီဗီဒီယိုက သက်သေပြပါလိမ့်မယ်။ 
 

14 Mar 2017     2,055 Views




RELATED

Most Popular of Special or Others

Most Popular of Life Style