MNDAAအဖွဲ့က အရပ်သားသုံးရာကျော်ကို ဖမ်းဆီးထားကြောင်း တပ်မတော်သတင်းထုတ်ပြန်
14 Mar 2017 1,464 Views

လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မတ်လ ၁၃ ရက်က ဒုတိယမြောက် သတင်းထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားပြည်သူ ၃၂၀ ဦး ပြန်ပေးဆွဲ လူသစ်စုဆောင်းခံခဲ့ရကာ အရပ်သားငါးဦးနှင့်ကိုးကန့် ယာဉ်ထိန်းရဲငါးဦး သေဆုံးခဲ့ရပြီး ကိုးကန့် ယာဉ်ထိန်းရဲလေးဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မတ်လ ၆ ရက်က တိုက်ခိုက် မှုတွင် MNDAA အဖွဲ့မှ အင်အား ၄၅ ဦးခန့်သည် ဖူလီလိုက်ဟိုတယ် မှ ယွမ်ငွေသိန်း ၃,၀၀၀ ခန့်ကို ဓားပြတိုက်ယူဆောင်၍ ၀န်ထမ်း အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၂၀၀ ဦးစုစုပေါင်းဟိုတယ်ဝန် ထမ်း ၃၂၀ ဦးခန့်တို့ကို ပြန်ပေး ဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ လိုက်ပါရန် ငြင်းဆန်ခဲ့သည့် ၀န် ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အမျိုသမီးဝန်ထမ်းတစ်ဦး (အ မည်စိစစ်ဆဲ)ကိုလည်း မုဒိမ်းကျင့် ခဲ့ကြောင်း၊ ထို့နောက် ဖမ်းဆီး ထားသည့် ၀န်ထမ်းအမျိုးသမီး များအား ၎င်းတို့အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိ၊မရှိ မေးမြန်းခဲ့ရာ အမျိုးသမီးလေးဦး သာ သဘောတူခဲ့သော်လည်း တစ်ဖက်နိုင်ငံသား အမျိုးသမီး များမှအပ ကျန်အမျိုးသမီး ၅၀ ဦးတို့ကို ၎င်းတို့အဖွဲ့အတွင်း တာ ၀န်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ ကြောင်း၊ ဖမ်းဆီးခံရသည့် ၀န် ထမ်းအမျိုးသား ၁၂၀ ဦးအနက် တစ်ဖက်နိုင်ငံသား ၁၀ ဦးကို ပြန် လည်လွှတ်ပေးခဲ့ပြီး ကျန် ၁၁၀ ဦး နှင့် အမျိုးသမီး ၁၅၀ ဦးခန့်တို့ကို နန်စန်မြို့သို့ မော်တော်ယာဉ်များ ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း၊ ဆက်စပ်သတင်းများအ ရ ဖမ်းဆီးသွားသူများအား ကုန်း ကြမ်းမြို့နယ်၊ ဟုန်အိုင်ဒေသသို့ နန်စန်မြို့မှတစ်ဆင့် ပို့ဆောင်၍ အကြမ်းဖက်သင်တန်းများ တက် ရောက်စေမည်ဟု သိရှိရကြောင်း သတင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် MNDAA အ ကြမ်းဖက်သောင်းကျန်းသူများဟု ဖော်ပြထားသည်။ မတ်လ ၆ ရက်မှ ၁၃ ရက် အထိ MNDAA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲကြီး၊ငယ်စုစုပေါင်း ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိ၊ စစ် သည်အချို့ကျဆုံးကာ အချို့ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ MNDAA အဖွဲ့က နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တောင်ကုန်း တောင်ကြောနှင့် မြေအနေအ ထားအသာစီးရမှုကို အခွင့်ကောင်း ရယူ တိုက်ခိုက်နေပြီး နယ်စပ် မိုင်တိုင်အမှတ် ၁၂၆ နှင့် ၁၂၇ ခန့် အပါအ၀င် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်အနီးတစ်ဝိုက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားသည်။
Credit : 7daydaily
photo : 7daydaily







