BEC-TERO TV

မြန်မာအများဆုံး နေထိုင်ရာ ရပ်ကွက်တွင် လူကြီးစုံတွဲနှစ်ဦး မိုးကြိုးထိမှန်သေဆုံး

14 Mar 2017     1,551 Views


မလေးရှားနိုင်ငံ မြန်မာလူမျိုးအများစု နေထိုင်ကြသည့် ပူချွန်းရပ်ကွက်တွင် မတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျန်းမာရေးအတွက် အပြေးလေ့ကျင့်နေသော စုံတွဲနှစ်ဦး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
မလေးရှားသတင်းစာ NST ၏ ဖော်ပြချက်အရ သေဆုံးခဲ့သူနှစ်ဦးမှာ တစ်ရုပ်စုံတွဲဖြစ်ပြီး မစ္စတာ ရီးဘွန်ကိုး (၅၉ နှစ်) နှင့် မဒမ် အွီးလီချန် (၅၇ နှစ်) တို့ ကျန်းမာရေးလုပ်နေစဉ် မိုးကြိုးထိမှန်ကာ လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။ သူတို့အနီးတွင်လည်း မဖွင့်ထားသော ထီးတစ်ချောင်းကို တွေ့ရှိခဲ့ရသည်။
 
 
မျက်မြင်သက်သေတစ်ဦးက အဆိုပါ စုံတွဲနှစ်ဦး ငယ်သံပါအောင် အော်လိုက်တဲ့အသံကို ကြားလိုက်ရပြီး အခင်းဖြစ်ချိန်တွင် မိုးမရွာသေးကြောင်း သိရှိရသည်။ မိုးကြိုးထိမှန်ခံရသူ နှစ်ဦးမှာ နေရာတွင်သေဆုံးသွားခဲ့သည်။ အဖြစ်အပျက်မှာ ပူချွန်းရပ်ကွက် ကနာရီ ၁၀ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်
 
sourece:NewStraitsTimes

14 Mar 2017     1,551 Views




RELATED

Most Popular of International News

Most Popular of NEWS