BEC-TERO TV

တစ်နေ့ကို ရေခပ်နွေးနွေး ၅လီတာခန့်သောက်ပြီး ၅၀kg မျှဝိတ်ချနိုင်ခဲ့တဲ့ ကိုရီးယားကျောင်းသူ

14 Mar 2017     1,305 Views


ခေတ်ကြီးတိုးတက်လာလေ လူတွေပိုဝလာလေပါပဲ။ကိုယ်လက်လှုပ်ရှားမှု နည်းပါးလားခြင်း၊ပင်ပင်ပန်းပန်း အလုပ်တွေ နည်းလာခြင်း၊အထိုင်များခြင်း စတာတွေ ကြောင့် ဒီကနေ့ လူနေမှု ပုံစံတွေက ကျန်းမာရေးအတွက် လုံးဝ မသင့်တော်တဲ့ ပုံစံတွေ ဖြစ်နေပါတယ်။ဒါကြောင့် လူအများစုဟာ တစ်နေ့ထက်တစ်နေ့ ပိုဝလာနေကြပါတယ်။လေ့ကျင့်ခန်းနဲ့ အစားလျှော့စားတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပေတဲ့ လူတော်တော်များများက ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ စည်းကမ်းရှိရှိမလုပ်နိုင်ကြပါဘူး။ အခုဒီမှာတော့ ဆုံးဖြတ်ချက်ခိုင်မာပြီး မိမိကိုယ်ကို ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခဲ့လို့ အံ့အားသင့်စရာ ၀ိတ်ကျ သွားခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီးတစ်ယောက် အကြောင်းကို ဖော်ပြလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံသူတစ်ယောက်ဖြစ်သူ ဂျင်းနီဟာ အထက်တန်းကျောင်းသူအရွယ်မှာ ကတည်းက ၁၀၀ Kg ( ၂၂၀ ပေါင် ) ရှိခဲ့တာ ဖြစ်ပြီး ဘီယာလည်း သောက်တတ်တဲ့အတွက် တစ်နှစ်ကို ၂၄ Kg( 50 ပေါင် ) လောက်တက်နေပါတယ်။နောက်ဆုံး သူမရဲ့ အလေးချိန်ကြောင့် သူမရဲ့ကျောရိုးကို ထိခိုက်လာတဲ့ အခါမှာ သူမဟာ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ သူမပြောပြတဲ့ အလေ့အကျင့် တစ်ခုကတော့ နေ့စဉ်ရေခပ်နွေးနွေး ၃ လီတာ မှ ၅ လီတာအထိ နေ့စဉ်သောက်သုံးပေးခြင်း၊ အငန်စားသုံးမှုကို လျှော့ချပြီး အသီးအရွက်များကိုပဲ ပိုပြီး စားသုံးခဲ့တယ် လို့ဆိုပါတယ်။ဒါအပြင် သူမဟာ နေ့တိုင်း မောပန်းသည်အထိ လမ်းလျှောက်လေ့ရှိပြီး တစ်နေ့ကို ၁၀ မိနစ်ခန့် တခြားသော လေ့ကျင့်ခန်းလုပ်တယ် လို့ပြောခဲ့ပါတယ်။ဗီဒီယိုလေးမှာ သူမခန္ဓာကိုယ်အလေးချိန်ကို နှစ်အနည်းငယ်အတွင်း ၁၀၀ Kg မှ 49 Kg အထိလျှော့ချနိုင်ခဲ့တာကို ဖော်ပြထားပါတယ်။

 


14 Mar 2017     1,305 Views




RELATED

Most Popular of Special or Others

Most Popular of NEWS