BEC-TERO TV

မမာမကျန်းဖြစ်နေတဲ့ သန်းကြွယ်သူဌေး ခင်ပွန်းသည်ကို ကွာရှင်းလိုက်တဲ့ ထိုင်းအပြာမင်းသမီး

14 Mar 2017     3,607 Views


ထိုင်းနိုင်ငံမှာတော့ နာမည်တစ်လုံးနဲ့ အမျိုးသားပရိသတ်ကြားမှာ လူကြိုက်များခဲ့တဲ့ အပြာမင်းသမီး Nong Nat ဟာ အသက် 72 နှစ်အရွယ် အမေရိကန် သန်းကြွယ်သူဌေး Harold Nesland နဲ့ 2012 ခုနှစ်က စတင်ခဲ့တဲ့ အိမ်ထောင်ရေး ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ သူမဟာ အစိုးရခွင့်မပြုတဲ့ ဇာတ်ကားတွေ ရိုက်ကူးမှုနဲ့ ထောင်ထဲမှာ နေထိုင်ခဲ့ရပါတယ်။ အဲဒီနောက် သန်းကြွယ်သူ ဌေး Harold နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ထိုစဉ်ကတည်းက နီးစပ်တဲ့အသိုင်းအ၀ိုင်းတွေထဲမှာ Nat ကို သိုက်တူးသူလို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ သူကတော့ ဘာသာတရားကိုင်းရှိုင်းမှုကြောင့် လင်ကောင်းသားကောင်းရခဲ့တယ်လို့ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် Nat က သူမ အခုလို လင်ကောင်းသားကောင်းရခြင်းဟာ ထောင်ထဲမှာနဲ့၊ ပြင်ပမှာ ဗုဒ္ဓတရားတော်တွေကို အပြည့်အ၀ လိုက်နာခဲ့လို့ဖြစ်ကြောင်း တုန့်ပြန်ခဲ့ဖူးပါတယ်။

ယခင်က သူမဟာ ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကို ပြောင်းလဲခံယူခဲ့သူပါ။ ဒီနှစ်နှစ် သုံးနှစ်ကြားထဲမှာ Nat တို့ အိမ်ထောင်ရေးဟာ အားကျစရာ ဖြစ်ခဲ့ပြီး၊ လူမှုကွန်ယက်မှာလည်း စံပြဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူက နှလုံးရောဂါ ရှိတာကြောင့် လိင်မှုကိစ္စမှာ အဖု အထစ်ဖြစ်လာခဲ့ပုံရပါတယ်။ ဒါပေမယ့် 2016 ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ခင်ပွန်းသည် Harold မကျန်းမမာဖြစ်ခဲ့ပြီးနောက် အိမ်ထောင်ရေးအက် ကြောင်း စတင်ခဲ့ပုံရပါတယ်။ ဒါပေမယ့် မမာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို ကွာရှင်းရခြင်း အကြောင်းကတော့ ခင်ပွန်း သည်ဟာ သူမအပေါ်မှာ ကျေပွန်ရမယ့် တာဝန်ဝတ္တရားတွေ ပျက်ကွက်မှုများလာခဲ့လို့ဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ခင်ပွန်းသည်ဟာ နှလုံးရောဂါရှိနေတဲ့အတွက်လည်း လင်နဲ့မယားရယ်လို့ ချစ်တင်းနှောခြင်း မပြုရတာ ကြာပြီလို့လည်း Nat က ဆိုခဲ့ပါတယ်။ အခုတော့ ကွာရှင်းပြီး အောက်ပါ ဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့ကာ အပြာလောကထဲ မကြာမီပြန်ဝင် လာတော့မယ်လို့ ဆိုခဲ့ပါတယ်။ မဝင်ခင်မှာ ရင်သားခွဲစိတ်မှုတစ်ခုလုပ်အုံးမယ်လို့လည်း သိရပါတယ်။

Credit : shwemom


14 Mar 2017     3,607 Views




RELATED

Most Popular of International News

Most Popular of NEWS