BEC-TERO TV

ရှစ်နှစ်ကြာဝေးကွာပြီးမှ တစ်ကိုယ်တော်အခွေ ပြန်ထွက်မယ့် ကောင်းမြတ်

14 Mar 2017     1,270 Views


အဆိုတော်လောက ရှစ်နှစ်လောက်ဝေးကွာနေပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အဆိုတော် ကောင်းမြတ်တစ်ယောက် သူရဲ့ ဒုတိယ အခွေဖြစ်တဲ့ အချစ်ရှိရအရပ်သို့ မျက်နှာမူ၍ လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တောါအခွေကို ဖြန့်ချီဖို့ အဆင်သင့် ဖြစ်နေပီလဲ ဖြစ်ပါတယ် ။

မျောလွင့်နေတဲ့တိမ် ထွက်ရှိပြီး ရှစ်နှစ်ကြာမှ အချစ်ရှိ ရာအရပ်သို့ မျက်နှာမူ၍ ပြန်လည်ထွက်ရှိတဲ့ အတွက် အကောင်းဆုံး ကြိုးစားထားပါတယ်။သီချင်းစုစုပေါင်း ၁၃ ပုဒ်ပါဝင်မှာဖြစ်ပြီး ချမ်းချမ်းနဲ့ နင်ဇီမေတို့က အားဖြည့်သီဆိုပေးထားပါတယ် ။ သင်္ကြန်အပြီးလောက်ထွက်မယ်လို့ ပြောသွားခဲ့ ပါတယ် ။ အကြိုက်ဆုံးသီချင်း ၁၂ ပုဒ်ထည့်ထားပြီး အဟောင်း ၁ပုဒ် ပြည်ထည့်ထားတယ်လို့ ပြောထားပါတယ်။

စီးပွားရေးကတော့ ဘ၀အတွက် မဖြစ်မနေလုပ်ဖြစ်ခဲ့ ပေမယ့် အနုပညာသမား ဆိုတော့ သီချင်းတွေအမြဲလုပ်ချင်နေပါတယ်။ နောက်ပိုင်း ကြုံတွေ့ရတာ လူငယ်တွေထက်လူကြီးပိုင်းလေးတွေ များလာတဲ့ အတွက် အခွေမှာ လူကြီးပိုင်းပရိတ်သတ်တွေ နားထောင်လို့ အဆင်ပြေအောင် ကြိုးစားထားပါတယ် ။ အခွေလေးကို တစ်ခေါက်အများဆုံးနှစ်ခေါက် နားထောင်ပေးပါ အကောင်းဆုံးဖန်တီးထားပါတယ် နားထောင်ပေးတဲ့ အခွင့် အရေးလေးတခုလောက်ပေးပါလို့ ပြောသွားခဲ့ ပါတယ် ။

Credit:7day


14 Mar 2017     1,270 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment