BEC-TERO TV

ရုပ်ရှင်ပြန်ရိုက်တော့မယ့် စံရတီမိုးမြင့်

14 Mar 2017     1,314 Views


ဇာတ်လမ်းတွေကိုရွေးရင်း လုပ်ကွက်ရမယ့် ဇာတ်ရုပ်တွေကို ရွေးချယ်နေတဲ့ အတွက် အနုပညာလှုပ်ရှားမှုတွေ နည်းနေတဲ့ စံရတီမိုးမြင့်တစ်ယောက် ဒီနှစ်ထဲမှာတော့ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးပြီး ပရိတ်သတ်တွေ ဆက်တိုက်ကြည့်ရတော့မယ်လို့ ပြောသွားခဲ့ ပါတယ် ။

ရိုက်ထားပြီး ရုံမတင်ရသေးတဲ့ ကားတွေလဲ ရှိပါတယ် ။ ရုပ်ရှင်ကားများ ပုံမှန်ရိုက် ကူးနေပေမယ့် အချိန်ထိ အကယ်ဒမီရင်ခုန်မှုမရှိသေးဘူးလို့ ပြောထားပါတယ် ။ နောက်ပိုင်း ရုပ်ရှင်ကားတွေ ဆက်တိုက်ရှိလာရင်တော့ သူ့ဟာနဲ့ သူပေါ့ ကံဆိုတာက ကြိုပြောလိ့ မရသေးပါဘူး ကိုယ့်အတွက်လောလောဆယ် ရင်ခုန်မှုမရှိသေးပေမယ့် အကိုတွေ အမတွေ အတွက် လက်ခုတ်တီးအားပေးမှာပါ ။

သင်္ကြန်နား နီးလာပြီလဲ ဖြစ်တဲ့ အတွက် သင်္ကြန်အတွက်တော့ ဘာအစီအစဉ်မှမရှိသေးပါဘူး ။နှစ်တိုင်းတော့ အနုပညာ အလုပ်တွေရပ်ပြီး အနားယူတက်ပါတယ် ။ အရင်ထဲက စိတ်ကူးရရင်ရသလို ထလုပ်ဖြစ်တဲ့ အတွက် ကြိုတော့ မပြောနိုင်သေးပါဘူး အိမ်မှာပဲ နေဖို့တော့ များပါတယ်လို့ ပြောထားပါတယ် ။

မတ်လကုန်မှာ ရုံတင်ပြသတော့မယ့် ကြိုးဖြင့်ချည်ထား သော ဗာရာဏသီ’ရုပ်ရှင်ကို ဗေလုဝ၊ နေမျိုး အောင်၊ နေဒွေး၊ ခိုင်သင်းကြည်၊ ခိုင်နှင်းဝေတို့နှင့်အတူ ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာသားကြီးက ရိုက်ကူးပေးထားပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။


14 Mar 2017     1,314 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment