BEC-TERO TV

အကောင့်အတု အပေါ်ဖြေရှင်းလိုက်တဲ့ ၀ိုင်းစု

14 Mar 2017     1,321 Views


ဝိုင်းစုခိုင်သိန်းက Wine Su နာမည်နဲ့ အကောင့်က သူမ မဟုတ်ဘဲ အကောင့်အတုဖြစ်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှ တဆင့် ပရိတ်သတ်တွေကို ပြောပြထားပါတယ် ။ သူမရဲ့ နာမည် Wine Su ကို သုံးကာ ပရိသတ်များကို လက်ခံပြီး သူမပုံစံမျိုးနဲ့ စိတ်ခံစားချက်တွေကို ရေးတင်နေတဲ့ အဆိုပါ အကောင့်ဟာ အကောင့်တုဖြစ်ပြီး ပရိသတ်အထင်မမှားစေလိုတဲ့အတွက် သူမက ပြန်လည်ဖြေရှင်းထားပါတယ် ။

လက်ရှိဝိုင်းစုခိုင်သိန်းအသုံးပြုနေတဲ့ Page ကနေပြန်လည်ဖြေရှင်းထားတာကတော့ “ဒီအကောင့်က ရေးနေတင်နေတာတွေက ဝိုင်းစုလုံးဝမဟုတ်ပါဘူး။ အကောင့်အတုပါ။ အထင်အမြင်လွဲမှားစေတဲ့ အပြုအမူ အပြောအဆို အရေးအသားများတင်ခဲ့လျှင် ဝိုင်းစု မဟုတ်ကြောင်းအားလုံးသိအောင် share ပေးပါဦးနော်” လို့ ပြောသွားခဲ့ပါတယ် ။

 

Source: Wyne Su Khaing Thein Facebook

 


14 Mar 2017     1,321 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment