Breaking News ! ကမ်းခြေမှာ အပမ်းဖြေနေသူတွေ အထူးသတိပြုရန် (သေတတ်သည်)
14 Mar 2017 1,767 Views

မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် တိုက်ကြီးမြို့နှင့် အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ငလျှင်လှုပ်ခဲ့ပြီးနောက် ငွေဆောင်ကမ်းခြေ ရေစပ်သဲပြင်ပေါ်တွင် ထူးဆန်းသော ရေသတ္တဝါအကောင်လေးများ အစုလိုက် အပြုံလိုက် မြင်တွေခဲ့ရသူက နားလည်တတ်ကျွမ်းသူအား မေးမြန်ကြည့်ရာ အချို့ရောသတ္တဝါများမှာ အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရှိရသည်။

ပုံမှာ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ငွေဆောင်ကမ်းခြေတွင် တွေ့ခဲ့ရသော ရေသတ္တဝါလေးများဖြစ်ပြီး အဆိုပါရေသတ္တဝါလေးများကို “ရေဒန်း” ဟု ခေါ်ဆိုကြောင်း သိရှိရသည်။ ရေဒန်းတွင် အပြာ၊ အဖြူ၊ အဝါဟူ၍ အမျိုးကွဲများရှိသေးပြီး အပြာရောင်နှင့် အဖြူရောင်ကို ထိမိပါက ယားယံစေတတ်ပြီး အဝါရောင် ရေဒန်းကို ထိမိပါက ရောင်ယမ်းလာတတ်ပြီး ခံရခက်ကြောင်း သိရှိရသည်။

အဝါရောင် ရေဒန်းသည် အန္တရာယ်အရှိဆုံးဖြစ်၍ ရင်ညွန့်၊ ဆီးခုံတို့နှင့် ထိမိပါက သေစေနိုင်ကြောင်း သိရှိရသည်။ ထိမိလို့ ယားတယ်လို့ သံသယရှိပါက ရေခဲနှင့် ပွတ်ပေးပါ။
ရာသီအပြောင်းအလဲတွင် အနောက်လေ ရက်ဆက်တိုက်ခတ်ပါက ရေဒန်းများ ပါလာတတ်ပြီး ကမ်းခြေတွင် ရေကူး၊ ရေကစားကြသူများ အထူးသတိပြုသင့်ပါသည်။
Credit:marlar swe, mee gle