BEC-TERO TV

NEO TECH ကွန်ပျုတာအရောင်းဆိုင် ဖောက်ထွင်းခံရ

15 Mar 2017     1,484 Views


ကျောက်တံတားမြို့နယ် အလယ်ဘလောက် ၇ ရပ်ကွက်ဆိပ်ကမ်းသာလမ်းတွင် ဖွင့်ထားသော NEO TECH ကွန်ပျုတာရောင်းဆိုင် ကိုမနေ့ညကဖောက်ထွင်း ခံရတယ်သိရပါတယ်။

“ဒီကနေ့မနက်ဝန်ထမ်း ကောင်လေးတစ်ယောက်က တံခါးကပွင့်နေတဲ့အတွက် ကျွန်မတို့ကိုအကြောင်းကြား ပါတယ်။ကျွန်မတို့ရောက်တဲ့အချိန်မှာ ပစ္စည်းတွေပျောက်နေတာကိုတွေ့ရပါတယ်။ဆိုင်က မနက်ပိုင်း ၉ နာရီ ကနေ ညနေပိုင်း လေးနာရီထိဖွင့်ပါတယ်။” လို့

ဆိုင်ဝန်ထမ်းတွေပြောပါတယ်။ ဖောက်ထွင်းခံရတဲ့ဆိုင်မှာ လက်ပတော့ ၁၀ လုံး ဟက်ဒစ် ၁ လုံး ဖောက်ထွင်းခံရပြီး၊ အားလုံးပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆၇ သိန်းတန်ဖိုးရှိပါတယ်။ဆိုင်ဖောက်ထွင်းခံရတယ်လို့ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ကနယ်မြေထဲဆင်းကြည့်တဲ့ အခါမှာ NEO TECH ရဲ့ဆိုင်ခွဲတစ်ခုဖြစ်ဖြစ် Life Mark ဆိုင်မှာ ဖောက်ထွင်းခံခဲ့ရတဲ့ကွန်ပျုတာနှစ်လုံးကို ပြန်တွေ့တယ်။

ကွန်ပျူတာလာရောင်းတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးကိုတော့ကျောက်တံတားမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်လို့ ကျောက်တံတားမြို့နယ်ရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ သံသယရှိသူသုံးဦးကိုတော့ ကျောက်တံတားမြို့မရဲစခန်းက (ပ) ၈၈/ ၂၀၁၇ နေအိမ်အတွင်းခိုးယူမှုပုဒ်မ ၃၈၀/၅၄ နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

Soure : kumudranews


15 Mar 2017     1,484 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS