BEC-TERO TV

ရွေးချယ်ရေး အဖွဲ့ တွေကိုယုံကြည်တဲ့နေ့မှအကယ်ဒမီ ပွဲတက်မယ်ဆိုတဲ့ လိုင်လာခန်း

15 Mar 2017     1,261 Views


အမျိုးသမီးဇာတ်ပို့ ဆုရမယ်လို့ နာမည်ထွက်ခဲ့ပြီး ၂၀၁၅ ခုနစ်အကယ်ဒမီမှာလွဲ့ခဲ့ တဲ့ လိုင်လာခန်းက ဒီနှစ်အကယ်ဒမီကို မတက်ဘူးလို့ ပြောလာပါတယ် ။

အကယ်ဒမီ အတွေ့အကြုံက လုံးဝကို funny ဖြစ်ခဲ့တယ် ကိုယ်မရလို့ ပြောတာ မဟုတ်ပါဘူး တခြားလူတွေပါ မထင်ထားတာတွေဖြစ်သွားတဲ့ အတွက်တော်တော်လေးအံသြမိတယ် ။ အနုပညာ တခုတည်းကိုကြည့်ပြီး ဆုံးဖြတ်တာမဟုတ်ပါလားဆိုပြီး မယုံကြည်တော့တာပါ ။ လူကြီးတွေကိုလေးစားပါတယ် လုပ်ချင်တာလုပ်လို့ရတဲ့ ပုံစံကြီးဖြစ်ခဲ့တယ်။

လူတစ်အုပ်စုချယ်လှယ်လို့ ရတဲ့ ဒီအကယ်ဒမီပွဲကို လုံးဝ အထင်မကြီးသလို တက်မှာလဲ မဟုတ်ပါဘူး ။ အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ကို ယုံကြည်တဲ့တနေ့ ရုပ်ရှင်လဲ ဆက်ရိုက်နေသေးတယ်ဆိုရင် တက်ဖြစ်မှာပါလို့ ပြောထားပါတယ် ။

လက်ရှိမှာတော့ Rhythm&Style International Academy ဆိုတဲ့ သင်တန်းကျောင်းကို ဖွင့်ထားပြီး မိန်းကလေးတိုင်း စမတ်ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတာလဲ ဖြစ်ပါတယ် ။ ဘောလီးဝုဒ်က ဆရာမတွေ သင်ကြားပေးပြီး ကိုယ်တိုင်ကတော့ စတိုင် ကို သင်ကြားပေးနေပါတယ်။ စတိုင် ၊ body language ၊ dance အပြင် ယောဂသင်တန်းကို ထဲ ထက်တိုးပြီးဖွင့်ထားတယ်လို့ သိရပါတယ် ။

Credit:Morning post 


15 Mar 2017     1,261 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment