စာချုပ်ဖောက်ဖျက် သူနာပြုနဲ့ သားဖွားတွေကို အပြင်ဆေးရုံမှာ မခန့်ထားဖို့
15 Mar 2017 1,606 Views

စာချုပ်ဖောက်ဖျက်တဲ့ သူနာပြုနဲ့ သားဖွားတွေကို ပုဂ္ဂလိကဆေးရုံတွေမှာခန့်ထားခြင်းမပြုဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုမယ်လို့ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရပါတယ်။ အဲသည်ထုတ်ပြန်ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေ အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ သူနာပြု တက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်းတွေက ကျောင်းဆင်းတဲ့ သူနာပြုနဲ့ သားဖွားတွေကို ခန့်ထားတဲ့အခါမှာ စာချုပ်ပါသတ်မှတ်ချက်တွေအရ နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ပြီးခြင်း၊ သက် ဆိုင်ရာဌာနရဲ့ တရားဝင်နုတ်ထွက်ခွင့်ရရှိခြင်း၊ သူနာပြုနဲ့ သားဖွားလိုင်စင်သက်တမ်းရှိသူဖြစ်ခြင်းအစရှိတဲ့ အချက်တွေနဲ့ ပြည့်စုံသူတွေကိုသာ အမြဲတမ်း ဝန် ထမ်းအဖြစ် ခန့်ထားရမှာဖြစ်ပါတယ်။ စာချုပ်ဖောက်ဖျက်တဲ့ သူနာပြုနဲ့ သားဖွားလိုင်စင်မရှိသူတွေကို ခန့်အပ်တာဝန်ထမ်းဆောင်ခြင်းမပြုရလို့ အဲသည်ထုတ် ပြန်ချက်မှာ ပါဝင်ပါတယ်။
သူနာပြုတက္ကသိုလ်တက်ရောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရတဲ့ သူနာပြုတွေအနေနဲ့ သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှသာ လိုင်စင်ချထားပေးတာဖြစ်ပေမဲ့ လက်ရှိ မှာ လိုင်စင်သက်တမ်းတိုးခွင့်ကို ပိတ်ထား တာ၊ ချထားပေးပြီးဖြစ်တဲ့ လိုင်စင်ကို ပြန်သိမ်းတာတွေ ပြုလုပ်တာတွေရှိတယ်လို့ သိရပါတယ်။ ‘ဒေါက်တာ မြင့်ဟန် ထုတ်လိုက်တဲ့ စတိတ်မန့်ကြောင့် ပုဂ္ဂလိကဆေးရုံတွေက အက်ရှင်ယူတာတွေရှိတယ်၊ ရန်ကုန်ဆေး ရုံကြီးမှာဆိုရင် ပါမစ်နစ်လိုင်စင်ဆိုတဲ့ လိုင် စင်သက်တမ်းစာအုပ်ကို သက်တမ်းတိုး မပေးတော့ပါဘူး၊ မန္တ္တလးအရိုးဆေးရုံ ခုတင် ၅၀ဝ ဆေးရုံမှာ လိုင်စင်တွေကို ပြန်သိမ်းသွားတယ်၊ ပြီးတော့ သူတို့ကို ယာယီ လိုင်စင်စာရွက်ဆိုတဲ့ စာရွက်တစ်ရွက်ပဲ ပြန်ပေးခဲ့တယ်၊ ဒီရန်ကုန်ဘက်မှာကျ တော့ အပ်ဒိတ်အနေ နဲ့ သက်တမ်းတိုးခွင့်မပြုဘူး၊ ပုဂ္ဂလိကဆေးရုံ အများစုမှာ ယာ ယီစာရွက်နဲ့ အလုပ် လာလျှောက်ရင် လက်မခံဘူး”လို့ မအေးမိစံက ဆိုပါတယ်။သူကပဲ ဆက်ပြီး
‘သူတို့က သူနာပြု အင် အားလိုလို့ အခုလို လုပ်တာလို့ ပြောပါ တယ်၊ အဲဒီလို လုပ်လိုက်တော့ ကျွန်မ တို့အနေနဲ့ကလဲ လစာ ၁၆၅,ဝ၀ဝ နဲ့ မိသားစုကို မထောက်ပံ့နိုင်ဘူးဆိုတဲ့အခါ မှာ အလုပ်ဝင်မလား၊ တခြားစီးပွားရေးတစ်ခုကို လုပ်မလားဆိုတာကို စဉ်းစားလာ ရပါတယ်၊ လိုင်စင်မရှိဘဲ အလုပ်ဝင်ဖို့ကို တော့ တော်တော်စဉ်းစားရပါတယ်˘လို့ ဆို ပါတယ်။
သူနာပြုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအနေနဲ့ သူနာပြုနဲ့ သားဖွားတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ခန့်ထားခြင်း မပြုဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သဘော ထားထုတ်ပြန်ချက် နှစ်ကြိမ် ထုတ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို ပေးပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဆန္ဒပြဖို့ စီစဉ် ပေးပို့ထားတဲ့ သဘောထားထုတ် ပြန် ချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေဆီက မတ်လ ၁၅ ရက်နေ့ အထိ တုံ့ပြန်မှု တစ်စုံတစ်ရာမရှိပါက ဆန္ဒထုတ် ဖော်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
သူနာပြုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ သူနာပြုတက္က သိုလ်စတုတ္ထနှစ်အတန်း ကိုယ်စားလှယ် ကျောင်းသူတစ်ဦးဖြစ်တဲ့ မအေးမိစံက ‘တုံ့ ပြန်မှုကို စောင့်ကြည့်ပါမယ်၊ တုံ့ပြန်မှုမရှိ ခဲ့ဘူးဆိုရင် ကျွန်မတို့ သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ သူနာပြုရပ်ဝန်း တစ်ခုလုံး လက်တွဲပြီးတော့ ဒီထက်ပိုပြီး ထိရောက်တဲ့ ကမ်ပိန်းတွေ လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက်ပြီး လုပ်ဆောင်မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။ သူနာပြုတက္ကသိုလ်နဲ့ သားဖွားသင်တန်းကျောင်းတွေကို တက်ရောက်တဲ့သူတွေအနေနဲ့ လျှောက်ထားစဉ်အချိန်မှာ ပညာသင်နှစ်ပြီးဆုံးပါက တာဝန်ကျရာ ဆေးရုံတွေမှာ သုံးနှစ်တာဝန်ထမ်းဆောင် ရမှာဖြစ်ပြီး ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် ၄၀ဝ,ဝ၀ဝ ပေးလျော်ရမယ်လို့ ဝန်ခံ လက်မှတ်ရေးထိုးထားရတာဖြစ်ပါတယ်။ ပညာသင်နှစ်ပြီးဆုံးတဲ့အခါ တာဝန် ကျနေရာတွေမှာ ထမ်းဆောင်ဖို့ ပျက်ကွက်သူတွေအနေနဲ့ လျော်ကြေးငွေပေးသွင်း လိုပေမဲ့ လျော်ကြေးငွေ ပေးသွင်းခွင့်မရတာကြောင့် လိုင်စင်မရရှိဘဲ ပုဂ္ဂလိကဆေးရုံ တွေမှာ သူနာပြုအနေနဲ့ လုပ်ကိုင်ခွင့် မရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မန္တလေးတက္ကသိုလ်ကျောင်းသား ဟောင်း ကိုအောင်ချမ်းမြေ့က ‘ကျောင်း တက်တဲ့အချိန်မှာ စာချုပ်ချုပ်ထားရ တယ် ၊ နောက်ပိုင်းကလေးတွေမှာ တာဝန် ကျရာမှာ သုံးနှစ်ဝင်ရမယ်၊ မဝင်ရင် ၄၀ဝ,ဝ၀ဝ လျော်ရမယ်၊ ဒါဆို ကျွန်တော် တို့က မဝင်ဘူး၊ ဝင်ပြီးသားလူတွေကလဲ ထွက်မယ်ဆိုပြီး လုံးဝမဝင်ထားတဲ့သူတွေ၊ မနေ့တစ်နေ့ကမှဝင်ထားတဲ့ကလေးတွေ လုံးဝလျော်လို့မရပါဘူး၊ အဲဒီလို လျော် ကြေးပေးတဲ့အခါမှာ သူတို့က စာရွက်တစ်ရွက် ပြန်ပေးတယ်။ သူတို့ပေးတဲ့ စာရွက်မှာဘာပါလဲဆို တော့ သူနာပြုသားဖွားစာရင်းမှ ပယ်ဖျက်လိုက်သည်ဆိုတဲ့ စာတစ်ကြောင်းက ကျွန် တော်တို့ တစ်သက်တာမှာ သူနာပြုသားဖွားလုပ်စားလို့ မရဘူးဆိုတဲ့ အဓိပာယ်သက်ရောက်ပါတယ်၊ လျော်ကြေးလျော် လို့ မရတဲ့အတွက်ကြောင့် လိုင်စင်လုပ်လို့ မရပါဘူး၊ လိုင်စင်လုပ်လို့ မရတဲ့အတွက်ကြောင့် တစ်သက်တာလုံးမှာ ကျွန်တော် တို့က သူနာပြုလုပ်လို့ မရပါဘူး”လို့ ဆိုပါ တယ်။ စာချုပ်ဖောက်ဖျက်တဲ့ သူနာပြုနဲ့ သားဖွားတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ မခန့်ထားဖို့ သူနာပြုတက္ကသိုလ်ကျောင်း သား များသမဂ္ဂက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကိုလည်း မတ် ၁၀ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်ပါတယ်။
သူနာပြုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် မဝေယမင်းဖြိုးက ‘မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို သူနာပြုဆိုပြီး တော့ တရားဝင်လုပ်ခွင့်ရဖို့အတွက် ဒီလိုင် စင်ကို တောင်းဆိုနေတာပါ၊ နိုင်ငံ့တာဝန် ထမ်းဆောင်ချင်တယ်ဆိုရင်တောင် ကျွန်မတို့မှာ မလုံလောက်တဲ့ဝင်ငွေအတွက် အပြင်ဆေးရုံမှာ ဝင်လုပ်ချင်ပါတယ်၊ တကယ်လို့ လိုင်စင်ထုတ်ပေးဖို့ အတ∑က်သူ တို့ ဖွင့်ထားတဲ့ တက္ကသိုလ်က လူတွေက အရည်အချင်းမရှိဘူးလို့ထင်ပြီး အရည်အ ချင်းစာမေးပွဲ စစ်မယ်ဆိုရင်လဲ စစ်လို့ရ တယ်”လို့ ဆိုပါတယ်။
Credit : kumudranews
ဓာတ်ပုံ... ပုံဖော်မှုမျှသာ