လယ်ယာမြေနယ်နိမိတ် လုရာမှ မျိုးနွယ်စုတိုက်ပွဲဖြစ်ပွား ရုပ်/သံ
15 Mar 2017 1,621 Views
တရုပ်နိုင်ငံ၏ စိုက်ပျိုးလယ်ယာမြေ နေရာတစ်ခုတွင် စည်းရိုးခတ်ရန် နယ်နိမိတ်လုရာမှ အချင်းများပြီး ရန်ပွဲဖြစ်ပွားခဲ့သည်။ ဖြစ်ကာစတွင် လယ်သူမကြီးအချင်းချင်း စကားများကြပြီး တစ်ယောက်နှ၍့်တစ်ယောက် လုံးထွေးသတ်ပုတ်ရာမှ အသက်ကြီးပြီဖြစ်သဖြင့် ပြန်မထနိုင်ပဲ မြေကြီးပေါ်မှာတင် တစ်ဦးနဲ့တစ်ဦး ဆံပင်၊ အဝတ်အစား စသည်တို့ကို မိရာဆွဲထားကြသည်။

ထိုစဉ် နှစ်ဖက်ဆွေမျိုးများ ရောက်လာပြီး ထပ်ဆင့်ပွား စကားများကြရာမှ အဖွဲ့လိုက် လုံးထွေးသတ်ပုတ်၊ တုတ်နှင့်ရိုက် ပေါက်တူးနဲ့ ခုတ်ကာ မျိုးနွယ်စု တိုက်ပွဲအသွင် ဖြစ်ခဲ့တာကို ဗီဒီယိုတွင် မြင်တွေ့နိုင်ပါတယ်။








