BEC-TERO TV

မျက်ကွင်းညိုကို သက်သာစေမဲ့အပြင် တောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်နိုင်မဲ့ နနွင်း

15 Mar 2017     2,076 Views


လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ခွင့်ရတာဟာလည်း ဆုလာဒ်တစ်ခုပါ။ အိပ်ရေးပျက်လို့ပဲဖြစ်ဖြစ်၊ အိပ်မပျော်လို့ပဲဖြစ်ဖြစ် မျက်ကွင်းရောင်လာတာ မျက်ကွင်းညိုတာတွေကို ဖြစ်စေပါတယ်။ ဒီလိုပြဿနာတွေကို သက်သာစေမဲ့အပြင် တောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်နိုင်စေမဲ့ နည်းလမ်းကို မျှဝေပေးချင်ပါတယ်။
 
ပါဝင်ပစ္စည်း   -- နနွင်း ပျားရည်
 
ပြုလုပ်နည်း --- နနွင်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို ရောပြီး မျက်လုံးနားတစ်ဝိုက်မှာ ၁၀ မိနစ်လောက် လိမ်းပေးထားရမှာပါ။ မျက်ကွင်းညိုတာကိုပျောက်ကင်းစေပြီး သွေးလည်ပတ်မှုကောင်းတာကြောင့် မျက်ကွင်းညိုတာကိုလည် သက်သာစေပါတယ်။

နောက်တစ်နည်း
 
ပါဝင်ပစ္စည်း  --- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
 
ပြုလုပ်နည်း  ---- ပါဝင်ပစ္စည်းနှစ်ခုကိုရောပြီး မျက်လုံးနားတစ်ဝိုက်ကိုလိမ်းထားပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပါ။
 
ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးကို လန်းဆန်းစေမဲ့အပြင် တောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မျက်လုံးအတွက်သာမက မျက်နှာပေါ်မှာလည်း လိမ်းပေးနိုင်ပါတယ်။ အသားအရေကို ဖြူဝင်းလာစေမှာပါ။

 


15 Mar 2017     2,076 Views




RELATED

Most Popular of Special or Others

Most Popular of Life Style