BEC-TERO TV

အွန်လိုင်းပေါ်မှ အခမဲ့ဖြန့်ဝေခဲ့တဲ့ မင်းမော်ကွန်း၏ သင်္ကြန်သီချင်း အသစ်နှစ်ပုဒ် ရုပ်/သံ

16 Mar 2017     1,271 Views


အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း၏ သင်္ကြန်တေးသီချင်းအသစ်နှစ်ပုဒ်ကို Bo Bo Music Production က လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပရိသတ်များနားဆင်နိုင်ရန် အခမဲ့ တင်ပေးခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ သီချင်းနှစ်ပုဒ်မှာ “ပျော်တဲ့သင်္ကြန်” နှင့် “သင်္ကြန်ဆုတောင်း” သီချင်းများဖြစ်ပြီး တေးရေး ဗီနိုထွန်းနှင့် မင်းမော်ကွန်းတို့က ရေးစပ်ခဲ့ကြပြီး Featuring ကို ထွန်းထွန်းက သီဆိုပေးထားကာ  မြန်မာ့ဟန် မြန်မာ့တီးလုံးများနဲ့ ဖန်တီးထားသော သင်္ကြန်တေးသီချင်းအသစ်နှစ်ပုဒ်ဖြစ်သည်။
 
စီးရီးအခွေအဖြစ်ထွက်ရှိမည်မဟုတ်ပဲ အွန်လိုင်းကသာ ပရိသတ်အတွက် Bo Bo Music Production ကို အကူညီတောင်းကာ အခမဲ့ဖြန့်ဝေသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်္ကြန်သီချင်းနှစ်ပုဒ်ကို  Bo Bo Music Production ဖေ့စ်ဘွခ်ပေ့ခ်ျတွင် မတ်လ ၁၃ ရက်နေ့က တင်ပေးခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ နှစ်ခြိုက်မှုရှိကြောင်း သိရှိရသည်။
 
 
Ref:Daily Eleven
 

16 Mar 2017     1,271 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS