BEC-TERO TV

၂၀၁၇ ခုနှစ် မယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ သရုပ်ဆောင် မတူး

16 Mar 2017     1,382 Views


Miss Golden Land Myanmar က ကျင်းပတဲ့ Mrs Myanmar & Ms Myanmar 2017 မယ်ပြိုင်ပွဲမှာ ရုပ်ရှင်သရုပ်ဆောင် မတူး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရှိရသည်။
 
 
အဆိုပါမယ်ပြိုင်ပွဲကို အိမ်ထောင်ရှိသူ/မရှိသူ၊ သားသမီးရှိသူ/မရှိသူ အားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး မတ်လ ၁၇ ရက်နေ့မှ စတင်ကာ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
Mrs Myanmar & Ms Myanmar 2017 ဆုရွေးချယ်ရာတွင် အသက် ၃၆ နှစ်မှ ၄၄ နှစ်ထိ အိမ်ထောင်ရှင်မ Mrs Myanmar ဆု၊ အသက် ၄၅ နှစ်နဲ့အထက် အိမ်ထောင်ရှင်မ Classic Mrs Myanmar ဆု၊ အသက် ၃၅ နှစ်အောက် (အပျို၊ အိမ်ထောင်ကွဲ၊Single mom) Junior Ms Myanmar ဆု၊ အသက် ၃၆ မှ ၄၄ ထိ (အပျို၊ အိမ်ထောင်ကွဲ၊Single mom) Ms Myanmar ဆု၊ အသက် ၄၅ နှစ်နှင့်အထက် Classic Ms Myanmar သရဖူဆုရှင်များ အဖြစ် အမျိုးအစားခွဲခြားကာ ချီးမြှင့်သွားမည်ဖြစ်ပြီး People’s Choice ဆုအတွက် ပရိတ်သတ်များ အွန်လိုင်းမှတစ်ဆင့် မဲပေးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
 
 
ငယ်စဉ်က ကာယအလှမယ် ဝါသနာပါပြီး မယ်ဖြစ်ခဲ့ဖူးသူ သရုပ်ဆောင် မတူးက ဒီလိုပြိုင်ပွဲများ ပေါ်ပေါက်လာတဲ့အတွက် အရမ်းကဘောကျခဲ့ပြီး ဘယ်သူမှမသိအောင် လျှောက်လွှာတင်ထားခဲ့ကြောင်း ပြောဆိုခဲ့သည်။ ပြိုင်ပွဲဝင်ရန်အတွက် ဝိတ်ချတာတွေ ပြုလုပ်နေကြောင်း သိရှိခဲ့ရသည်။
 
Mrs Myanmar & Ms Myanmar 2017 ပြိုင်ပွဲကို မတ်လ ၂၈ ရက်နေ့တွင် MCC ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အွန်လိုင်းမှ မဲပေးလိုသူများအနေနှင့်  www.facebook.com/MissGoldenLandMyanmar သို့ သွားရောက်ပြီး မဲပေးစနစ် စည်းကမ်းနှင့်အညီ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီထိ မဲပေးနိုင်ကြောင်း သိရှိရသည်။ 

16 Mar 2017     1,382 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS