BEC-TERO TV

ဘယ်ရာသီခွင်တွေက ပိုက်ဆံပိုရှာတော်သလည်း

16 Mar 2017     1,326 Views


ဘယ်ရာသီခွင်တွေက ပိုက်ဆံပိုရှာတော်သလည်း ပိုက်ဆံမရှိတာထက် ရှိတာက ပိုပြီးကောင်းတာပေါ့။ ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ စိတ်ချမ်းသာစရာတွေလည်း အများကြီးရှိပါတယ်။ ကဲ ဘယ်သူက ပိုက်ဆံရှာကောင်းလည်းဆိုတာကို ကြည့်လိုက်ရအောင်နော်။
 
၁. ကုမ်ရာသီ (Aquarius)
 
: ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း သူကတော့ ဉာဏ်ကောင်းပြီး တီထွင်ကြံဆနိုင်သူပါ။ ဒါကြောင့် ပွဲတွေကို စီစဉ်သူ၊ ပစ္စည်းသစ်တွေကို တီထွင်သူ အဖြစ်ရပ်တည်နိုင်ပါတယ်။ ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားရင် လုံးဝကို အောင်မြင်မှာပါ။ ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီဖို့တော့ လိုပါလိမ့်မယ်။
 
၂. ကန်ရာသီ (Virgo)
 
: သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း သူကတော့ မြေတို့ အဆောက်အအုံတို့ကို ရင်းနှီးမြှပ်နှံခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်။ သူကတော့ ရိုးရိုးလေးနဲ့ ပိုက်ဆံကို ရအောင် စုတတ်သူပါ။ ပိုက်ဆံကို များများရအောင်ဆိုပြီး အလောင်းအစားတွေကို မုန်းတတ်သူပါ။ ဖြေးဖြေးနဲ့ အေးအေးဆေးဆေး ပိုက်ဆံကိုရအောင် ရှာတတ်သူပါ။
 
၃. ပြိဿရာသီ (Taurus)
 
: ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း သူကတော့ ပိုက်ဆံနဲ့လက်နဲ့ မကွာတတ်သူပါ။ ကံကောင်းတယ်ဆိုတာထက် ကိုယ့်ရဲ့ဘဝတိုးတက်ရေးအတွက် သင်တန်းတက်ပြီး အနာဂတ်မှာ ယခုထက် ဘဝကို တိုးတက်ချင်သူဖြစ်ပါတယ်။ ပိုက်ဆံကိုလည်း မဖြုန်းပဲ အနာဂတ်မှာ လိုအပ်ရင်သုံးဖို့ရန် စုထားလေ့ရှိပါတယ်။
 
၄. သိဟ်ရာသီ (Leo)
 
: ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း သူကတော့ ပိုက်ဆံရှာတော်သလို ပိုက်ဆံသုံးတဲ့နေရာမှာလည်း ချက်ချင်းဆိုသလို သုံးတတ်တာကြောင့် လက်ထဲမှာ ပါမှကို မကျန်ပါ။
 
၅. မေထုန်ရာသီ (Gemini)
 
: မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း လက်ရှိအလုပ်ထက်စာရင် အိမ်အလုပ်က ပိုပြီး ပိုက်ဆံရနေသူဖြစ်ပါလိမ့်မယ်။
 
၆. မကာရရာသီ (Capricorn)
 
ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း ဘဝရည်မှန်းချက်က မြင့်မားပြီး ကိုယ့်ဘဝတိုးတက်ဖို့ရန် အမြဲကြိုးစားနေသူဖြစ်တာကြောင့် အနာဂတ်မှာ သူဌေးဖြစ်မည့်သူပါ။
 
၇. တူရာသီ (Libra)
 
: စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း သူငယ်ချင်းအပေါင်းအသင်းများတာကြောင့် ပိုက်ဆံရမယ့်လမ်းကြောင်းကို အမြဲသိမြင်နေသူပါ။
 
၈.ဓနုရာသီ (Sagittarius)
 
: နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း အမြဲသွားလာလှုပ်ရှားနေသူဖြစ်တာကြောင့် ပိုက်ဆံအနံ့ကိုခံပြီး ရအောင်ယူတတ်သူပါ။
 
၉.ဗိစ္ဆာရာသီ (Scorpis)
 
: အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း ကိုယ်တိုင်ကြိုးစားလာတဲ့ကိစ္စလေးတစ်ခုက သူဌေးတွေက သဘောကျပြီး မြေတောင်မြောက်ပေးပါလိမ့်မယ်။
 
၁၀.မိဿရာသီ (Aries)
 
: မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း ဒါအလုပ်က ပိုက်ဆံများများရမယ်ဆိုရင် ချက်ချင်းဆိုသလို သွားလုပ်လေ့ရှိပြီး ဘာကို မှ မစဉ်းစားပါ။ ဒါကြောင့် ဆုံးရှုံးမှုတွေများပါလိမ့်မယ်။
 
၁၁.ကရကဋ်ရာသီ (Cancer)
 
: ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း ပိုက်ဆံထက်စာရင် ကောင်းသော မိတ်ဆွေအပေါင်းအသင်းတွေနဲ့သာ အတူတူရှိနေရင် သူ့အတွက် လုံလောက်ပါပြီ။
 
၁၂.မိန်ရာသီ (Pisces)
 
: ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း ပိုက်ဆံရှာရတာကို သူ့အနေနဲ့ စိတ်မပါ။ ပိုက်ဆံမရှိလဲ ပျော်ပါတယ်။
 
Credit : 
 
 

16 Mar 2017     1,326 Views




RELATED

Most Popular of Special or Others

Most Popular of NEWS