BEC-TERO TV

နာမည်ကြောင့်ကော အသားအရည်ကြောင့်ကော ဆန်ကာတင်တောင် မပါဘူးလို့ ပြောလာတဲ့ ဒါရိုက်တာ စတီးလ် ရဲ့ခိုးဆိုးလုနှိုက်

16 Mar 2017     1,337 Views


ရှုတင်မန်နေဂျာ ဘ၀ ကနေ ဒါရိုက်တာ လုပ်ရင်း ပရိတ်သတ်ရဲ့ အားပေးမှု ရလာတဲ့ ဒါရိုက်တာ စတီးလ် ဟာ အကယ်ဒမီပွဲကို မတက်ဖြစ်ဘူးလို့ ပြောထားပါတယ် ။ အရင်ကတော့ ခိုးဆိုးလုနှိုက်ဇာတ်ကားကို အကယ်ဒမီ စာရင်းဝင်တယ် ကြားရတဲ့ အတွက် ပျော်ရွှင်မိပေမယ့် နောက်ပိုင်းမှာ အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေထဲမှာ မပါတော့ ဘူးလို့ ကြားရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ် ။

ခိုးဆိုးလုနှိုက်နာမည်က လူ့ဘောင်လောက နဲ့ မအပ်စပ်သလို အားပေးအားမြှောက်လုပ်တာဖြစ်မှာဆိုးတဲ့ အတွက် အကယ်ဒမီ ဆန်ကာတင် စာရင်းထဲမှာမထည့်ဘူးလို့ လဲ ကြားမိပါတယ် လို့ ပြောထားပါတယ် ။ အကယ်ဒမီစာရင်းထဲက ခိုးဆိုးလုနှိုက်ကိုပယ်တာဟာ သူ့ရဲ့ အသားအရောင်ကြောင့်ပယ်တာဖြစ်တယ်လို့ ယုံကြည်ထားတယ်လို့ လဲ ပြောထားပါတယ် ။

ကြည့်နေတဲ့ ပရိတ်သတ်ကတော့ အသားအရောင်မခွဲခြားပဲ အနုပညာဆန်တာကို အကုန်ကြိုက်ကြပေမယ့် ရုပ်ရှင်လောကကြီးကတော့ အသားရောင် ခွဲခြားနေတုန်းပဲ လို့ သူ့ ရဲ့ ခံစားချက်ကို ပြောပြထားပါတယ် ။

 

ဒါရိုက်တာ စတီးလ် အနေနဲ့ ကတော့ ပရိတ်သတ်အားပေးတဲ့ အချိန်ထိ အနုပညာလောက က ဒါရိုက်တာ အလုပ်ကို ဆက်လုပ်သွားမှာ ဖြစ်ပြီး ပရိတ်သတ်လက်မခံရင်တော့ အရင်က လုပ်ခဲ့ တဲ့ ရှုတင်မန်နေဂျာ အလုပ်ကိုပဲ ပြန်လုပ်မယ်လို့ လဲ ပြတ်ပြတ်သားသား ပြောသွားခဲ့ ပါတယ် ။

Credit:7Day TV


16 Mar 2017     1,337 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment