BEC-TERO TV

သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်အပြီးတွင် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

16 Mar 2017     1,492 Views


အများပြည်သူများ ခရီးသွာလာမှု အဆင်ပြေစေရေးအတွက် သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်အပြီးရက်များတွင် သင်္ကြန်အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သွားလာပို့ဆောင်ရေးမန်နေဂျာ ဦးဇော်လွင်က ပြောကြားခဲ့သည်။
 
ရန်ကုန် - မန္တလေး၊ ရန်ကုန် - နေပြည်တော် ခရီးစဉ်အတွက် သင်္ကြန်ရက်မတိုင်မီ လေးရက်လောက်ကတည်းက ကြိုတင်၍ အထူးအစီစဉ်ဖြင့် သင်္ကြန်ရထားများ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားများမှာလည်း ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
သင်္ကြန်တွင်းကာလမှာတော့ ပုံမှန်ပြေးဆွဲနေသည့် ရထားခရီးစဉ် လမ်းကြောင်းအချို့ကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Ref:7DayTv
 

16 Mar 2017     1,492 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS