BEC-TERO TV

ယုသန္တာတင်ရဲ့ မွေးနေ့ကို surprise ဘယ်သူလုပ်ပေးတာပါလိမ့်

16 Mar 2017     1,348 Views


မိုးယံဇွန်နဲ့ ယုသန္တာတင် တို့ ရဲ့ အချစ်ရေးဟာ လူတိုင်းသိကြပြီး အွန်လိုင်းမှာ ပျံ့နှံ့ ခဲ့ပါတယ် ။ အချစ်ရေး သတင်းတွေ ငြိမ်နေပြီး အခု တခါမှာတော့ သူမရဲ့ မွေးနေ့ကို Surprise လုပ်ပေးတဲ့ သူပေါ်လာပါပြီ ။

ယု ကို Surprise လုပ်ပေးတာ သူရဲ့ ချစ်သူ အသစ်များလားနော် ။ March လ 6 ရက်နေ့မှာကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့အတွက်မွေးနေ့ဆုတောင်းပေးသူတွေ အများကြီး ထဲက အဆိုတော် ယုန်လေးကလဲ " ချစ်ညီမလေး Happy Birthday ဒီထက်မက အောင်မြင်မူတွေရပြီး . မနေ့က Surprise လာလုပ်တဲ့သူလေးနဲ့ ပေါင်းရပါစေ" ဆိုပြီးဆုတောင်းပေးထားပါသေးတယ် ။

ကိတ်မုန့်ကလေးက မိတ်ကပ်ပစ္စည်းလေးတွေနဲ့ ချစ်စရာကောင်းနေပါတယ် ။ ဘယ်လို Surprise လုပ်ပေးသွားလဲဆိုတာတော့ ဖုံးကွယ်ထားဆဲ ပါပဲ အားလုံးလဲ စိတ်ဝင်စားနေကြပါပြီ ။

 

Source : facebook

 


16 Mar 2017     1,348 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment