BEC-TERO TV

ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်

16 Mar 2017     2,098 Views


ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။ 
 
ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။
 
"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်း အဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတား လေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အစားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ ပါတယ်။ တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြား နေပါတယ်"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။
 
Credit : ‘health.thithtoolwin’

16 Mar 2017     2,098 Views




RELATED

Most Popular of Health Fix

Most Popular of Life Style