BEC-TERO TV

ဆေးရုံပေါ်တွင် မွေးကင်းစမြန်မာကလေးငယ်ကို ခိုးယူတဲ့ ထိုင်းအမျိုးသမီး ရုပ်/သံ

17 Mar 2017     1,273 Views


မတ်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံရှိ နခွန်ပထုန်ဆေးရုံတွင် ၅ ရက်သား သာရှိသေးတဲ့ မွေးကင်းစ မြန်မာကလေးငယ်ကို ထိုင်းအမျိုးသမီးတစ်ဦးက ခိုးယူခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
မြန်မာဇနီးမောင်နှံ နှစ်ဦးရဲ့ ကလေးငယ်ကို မတ်လ ၉ ရက်နေ့က နခွန်ပထုန်ဆေးရုံတွင် မွေးဖွားခဲ့ပြီးနောက် ငါးရက်အကြာတွင် အသက် ၃၅ နှစ်အရွယ် ထိုင်းအမျိုးသမီး ဆူနီပွန် ဆက်ခ်ဒီးက ခိုးယူခဲ့ကြောင်း စီစီတီဗီရုပ်သံမှတစ်ဆင့် စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုင်းရဲအဖွဲ့က သူမ၏နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
ဖြစ်စဉ်မှာ အဆိုပါ ထိုင်းအမျိုးသမီးသည် ကလေးမွေးဖွားခဲ့သော မြန်မာမိဘများအနီးတွင် ကူညီလုပ်ကိုင်နေခဲ့ပြီး ဆေးရုံဝန်ထမ်းများအား ဆွေမျိုးတော်စပ်သည်ဟု သတင်းလွှင့်ထားခဲ့သည်။ မြန်မာစုံတွဲ၏ လိုအပ်သည့် ဆေးဖိုးအချို့ကို စိုက်ထုတ်ပေးခဲ့သည့်အတွက် သူမအား စိတ်သဘောကောင်းသူအဖြစ် ယုံကြည်မိခဲ့ကြသည်။ 
မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံကဆင်းခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ဆူနီပွန်က သူတို့အိမ်သို့ ရောက်လာကာ ကလေးအား ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကလေး၏ မိခင်က ယုံကြည်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ကလေးကို သူမနှင့် ထည့်ပေးလိုက်ကာ ဆေးရုံကို ကားငှဦးပေးလိုက်ပါတယ်။ 
ဆေးရုံရောက်တဲ့အခါ ဖခင်ဖြစ်သူက တက္ကစီခပေးနေစဉ် ကလေးကို ပွေ့ချီပြီး ဆေးရုံအခြားအပေါက်တစ်ခုမှ ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူက ရဲတိုင်ကြားပြီး စီစီတီဗီမှတ်တမ်းများနှင့် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နန်ခွန်ပထုန်ဒေသရှိ သူမ၏ နေအိမ်တွင် ကလေးငယ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။
 
လက်ရှိတွင် ကလေးငယ်ကို ဆေးရုံသို့ပို့ဆောင်ကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေပြီ။ ထိုင်းအမျိုးသမီးကတော့ အရွယ်မရောက်သေးသည် ကလေးခိုးယူမှုနှင့် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။
 
Ctrdit:DVB 
 

17 Mar 2017     1,273 Views




RELATED

Most Popular of International News

Most Popular of NEWS