နဝမတန်းကျသော ကျောင်းသားတစ်ဦး တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဖြေဆိုနေစဉ် စစ်ဆေးတွေ့ရှိ
17 Mar 2017 1,623 Views

မိတ္ထီလာမြို့ အထက (၃)မှ နဝမတန်းမအောင်သည့် ကျောင်း သားနှစ်ဦးသည် ကျောင်းပြောင်း လက်မှတ်တွင် နဝမတန်းအောင် မြင်ကြောင်း ပြင်ဆင်ရေးသားခဲ့ ပြီး ကိုယ်ပိုင်ကျောင်းများမှတစ် ဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကြိုးပမ်းခဲ့ သည်။ ပြင်ဦးလွင်မြို့နယ်မှ ကျောင်းသားကို စာမေးပွဲမဖြေမီ စစ်ဆေး တွေ့ရှိခဲ့သော်လည်း မိတ္ထီလာမြို့ နယ်မှ ကျောင်းသားကို အင်္ဂလိပ် စာဖြေဆိုနေစဉ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း မိတ္ထီလာမြို့နယ် ပညာ ရေးမှူးက ပြောသည်။
‘‘ကျောင်းစာရေးကနေ လုပ်ပေးတယ်။ တစ်သိန်းနဲ့ ပုဆိုးယူတယ်လို့လည်း သိရတယ်။ နောက်ပြီး ဆရာမ တစ်ယောက်လည်း ပါတယ်ပြောတယ်။ ကလေးနှစ်ယောက်ကို လုပ်ပေးတာ။ စာရေးက သူကိုယ်တိုင်ကလည်းဝန်ခံတယ်။ ပြင်ဦးလွင်ကတစ်ယောက်တော့ အချိန်မီ သိလိုက်တယ်။ မိတ္ထီလာ အထက(၃)ကျောင်းက ကလေးက ထ(၃)မှာ ပြန်ဖြေရတော့ ဆရာ၊ ဆရာမတွေက သိနေတယ်။ စိစစ်လိုက်တဲ့အခါမှာ ပေါ်တယ်။ ကလေးကလည်း ဆက်ဖြေချင်တဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်မှာစိုးတဲ့အတွက် ဖြေခွင့်ပေးထားတယ်။ စာစစ်ဌာနကို အကြောင်းကြားထားပါတယ်’’ဟု
မြို့နယ်ပညာရေးမှူးက ပြောသည်။ ကိုယ်ပိုင်ကျောင်းများကို မန္တလေးတိုင်းဒေသကြီး ပညာရေး မှူးရုံးက တိုက်ရိုက်ကွပ်ကဲပြီး ကျောင်းပြောင်းလက်မှတ် အတု၊ အစစ်ကို ကိုယ်ပိုင်ကျောင်းအနေ ဖြင့် ခွဲခြားမသိရသောကြောင့် ယခုကဲ့သို့ အခြေအနေဖြစ်ပေါ်ခဲ့ ကြောင်း ၎င်းက သုံးသပ်သည်။
‘‘အခြေခံပညာကျောင်းမှာ ကောင်လေးက နဝမတန်းကျ တယ်။ ကျောင်းထွက်လက်မှတ် မူရင်းကို ပြင်ဆင်ရေးသားပြီး ကိုယ်ပိုင်ကျောင်းမှာ သွားအပ် တယ်။ ခုံနံပါတ်ထွက်သွားတယ်။ အင်္ဂလိပ်စာဖြေတဲ့နေ့မှာ ကျောင်း သားအချင်းချင်းကနေ သိတယ်။ သူကိုးတန်း မအောင်ဘူးဆိုတာ။ စိစစ်လိုက်တဲ့အချိန်မှာ မှန်ကန် နေတယ်။ စာစစ်ဌာနကိုလည်း အကြောင်းကြားပြီးပါပြီ’’ဟု မန္တ လေးတိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ ဒုညွှန်ကြားရေးမှူး ဦးခင် မောင်မြင့်က ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းပြောင်းလက်မှတ်ထုတ် ပေးခဲ့သည့် အထက်တန်းကျောင်း နှင့် ကိုယ်ပိုင်ကျောင်းကို စစ်ဆေး မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) က ဆက်လက်စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိ သူက ပြောသည်။
‘‘ထွက်စာပေးလိုက်ပြီးမှ ကာယကံရှင်က ပြန်ပြောင်း သလား၊ ကျောင်းကပဲ ဖြစ်တာ လားဆိုတာ စုံစမ်းစစ်ဆေးဦးပါ မယ်။ လောလောဆယ်မှာ ရူပ ဗေဒဘာသာရပ်အထိ ဖြေထား တယ်။ အင်္ဂလိပ်စာမှာ သိတယ် ဆိုပေမယ့် သူက ဆက်ဖြေတယ် ပြောတယ်။ ဒါပေမဲ့ စာစစ်ဌာနကို အကြောင်းကြားထားပါပြီ။ သူဖြေဆိုတာ ပယ်ထားပါတယ်။ ကျွန် တော့်လုပ်သက် ၃၄ နှစ်မှာ ဒါမျိုးကြားရတာ ဒုတိယအကြိမ် မြောက်ပါ’’ဟု ဦးခင်မောင်မြင့်က ပြောသည်။
Credit : 7daydaily
ဓာတ်ပုံ....ပုံဖော်မှုမျှသာ